ဇာတ်ကားများ ရွေးရန်

Ballabhpurer Roopkotha

2022ဇာတ်ကားအမှတ် 8.7/10136 မိနစ်

ဘူပတီက ကိုလ်ကတ္တားကို ပြောင်းပြီး သွားဆေးခန်းဖွင့်ချင်နေသူတစ်ယောက်ပါ။ ရှင်ဘုရင်မျိုးဆက်ဖြစ်ပေမယ့် သူပိုင်ဆိုင်တာဆိုလို့ သက်တမ်းနှစ်ပေါင်း ၄၀၀ ရှိတဲ့ ဘိုးဘွားပိုင် ဘော်လာပူရ်နန်းတော်ကြီးပဲ ရှိပါတယ်။ အကြွေးတွေ နစ်နေပြီး ပြန်ဆပ်စရာမရှိတော့တဲ့အခါ ဒီအိမ်ကြီးကို ရောင်းဖို့ ဖြစ်လာတယ်။ ဆပ်ပြာလုပ်ငန်းရှင် မစ္စတာဟလ်ဒါက အိမ်လာကြည့်မယ်လို့ အကြောင်းကြားလာတော့ ဘူပတီလည်း နယ်ပြန်ပြီး အိမ်တော်ထိန်း မိုနိုဟာနဲ့အတူ အိမ်ရောင်းနိုင်ဖို့ စီစဉ်ကြပါတယ်။ အကြွေးလာတောင်းတဲ့ အကြွေးရှင်သုံးယောက်နဲ့ ဘာမှမသိဘဲ မဖိတ်မခေါ် ရောက်လာတဲ့ သူငယ်ချင်း ဆန်ဂျိဘ်တို့ပါ ဒီအစီအစဉ်ထဲ တစ်တပ်တစ်အား ပါဝင်ရတော့တယ်။ ဒါပေမယ့် သူတို့တွေ ညသန်းခေါင်ရောက်မှာကို ဘာလို့ ကြောက်နေကြတာလဲ။ အိမ်ကြီးကို ရောင်းရပြီးရောဆိုပြီး အမြန်ရောင်းချင်နေတာကရော ဘာကြောင့်လဲ။ ဘူပတီပြောတဲ့ ရာဂူဆိုသူက ဘယ်လိုလူမျိုးလဲဆိုတဲ့ မေးခွန်းတွေကို သရဲဟာသဇာတ်လမ်းနဲ့ တွဲတင်ပြထားပါတယ်။ ဘူပတီအဖြစ် Satyam နဲ့ ချန်ဒါအဖြစ် Surangana တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း