ဇာတ်ကားများ ရွေးရန်

Flush

2025ဇာတ်ကားအမှတ် 7.8/1070 မိနစ်

Flush (2025) ပြင်သစ်နိုင်ငံကနေ ထွက်ရှိထားတဲ့ Dark Comedy နဲ့ Body Horror အမျိုးအစား ဇာတ်ကားလေးဖြစ်ပါတယ်။ နေရာတစ်ခုတည်းမှာပဲ အခြေတည်ပြီး ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းလေး တစ်ကားပါ။ ဇာတ်လမ်းကတော့ လူလတ်ပိုင်းအရွယ် မူးယစ်ဆေးစွဲနေတဲ့ လုခ် ဆိုတဲ့သူအကြောင်းပါ။ လုခ်က သူ့ရဲ့ ရည်းစားဟောင်း ဗယ်လ် အလုပ်လုပ်တဲ့ ဘားက အိမ်သာထဲကနေ ဗယ်လ်ကို ဖုန်းဆက်ပြီး ပြန်အဆင်ပြေအောင် ကြိုးစားနေပါတယ်။ ဘာလို့လဲဆိုတော့ လူမှုဝန်ထမ်းတွေက သူတို့ရဲ့ ၈ နှစ်အရွယ် သမီးလေးကို လာခေါ်သွားတော့မှာမို့ပါ။ ဗယ်လ်က သူ့ကို အဖက်မလုပ်တဲ့အခါ လုခ်က ဒေါသထွက်ပြီး နံရံကို ကန်လိုက်ရာကနေ ခြေချော်ပြီး အိမ်သာခွက်ထဲ ခြေထောက်ကျွံသွားပါတော့တယ်။ ခြေထောက်ကို မနည်းပြန်ဆွဲထုတ်လိုက်တဲ့အခါ သူ့ဖိနပ်ထဲမှာ ကိုကင်း မူးယစ်ဆေးထုပ် တစ်ထုပ် ဝင်နေတာကို တွေ့လိုက်ရပါတယ်။ အဲဒီဆေးထုပ်ကို သူက ယူထားလိုက်ပေမဲ့၊ တကယ်တမ်း အဲဒီဆေးထုပ်ပိုင်ရှင်က ဘားပိုင်ရှင်ဆီမှာ အလုပ်လုပ်တဲ့ ဆေးရောင်းတဲ့လူ ဖြစ်နေတဲ့အခါ ပြဿနာ စတက်ပါတော့တယ်။ ဆေးရောင်းတဲ့လူနဲ့ ရန်ဖြစ်ကြပြီးနောက်မှာတော့ လုခ်တစ်ယောက် အိမ်သာခွက်ထဲ ခေါင်းစိုက်လျက်သားနဲ့ အပိတ်လှောင်ခံလိုက်ရပါတော့တယ်။ တစ်ညတည်းဆိုတဲ့ အချိန်တိုလေးအတွင်းမှာ သူ အဲဒီအိမ်သာထဲကနေ ဘယ်လို ရုန်းထွက်မလဲ၊ ပြိုကွဲနေတဲ့ သူ့မိသားစုလေးကိုရော ပြန်အဆင်ပြေအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားမှာ ဒါရိုက်တာ ဂရီဂိုရီ မော်ရင် က ရိုက်ကူးထားပြီး လုခ် အဖြစ် ဂျိုနသန် လမ်းဘတ် နဲ့ ဗယ်လ် အဖြစ် အီလိုဒီ နဗား တို့က အပီပြင်ဆုံး သရုပ်ဆောင်ထားကြပါတယ်။ ရယ်စရာကောင်းသလို တစ်ဖက်မှာလည်း ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေကို အချိုးညီညီ ပေါင်းစပ်ပေးထားတဲ့ ဇာတ်ကားလေးမို့ အခုလို တင်ပေးလိုက်ပါပြီ။

ဇာတ်လမ်းအကြောင်း