ဇာတ်ကားများ ရွေးရန်

Meesaya Murukku 2

2026ဇာတ်ကားအမှတ် 7.0/10138 မိနစ်

Meesaya Murukku 2 (2026) ဗီဇထဲက ဂီတ ၂၀၁၇ တုန်းက အတိုင်းအတာတခုထိ အောင်မြင်ခဲ့တဲ့ Meesaya Murukku ရုပ်ရှင်ရဲ့ အဆက်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကို နာမည်ကျော် တာမီဇာအာဒီကိုယ်တိုင် ဒါရိုက်တာမင်းသားလုပ် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ မဒရပ်စ်မြို့ရဲ့ လမ်းဘေးဂီတအနုပညာတစ်မျိုးဖြစ်တဲ့ ဂါနာဂီတအပေါ် ရူးသွပ်ခဲ့ကြတဲ့ မျိုးဆက်သုံးဆက်ရဲ့ ဂီတတွေကို ပုံဖော်ပြထားတာပါ။ ဇာတ်လိုက်ဖြစ်သူ ဂျီဗာဟာ အရည်အချင်းရှိပြီး ပျော်ပျော်နေတတ်တဲ့ ဂါနာအဆိုတော်လူငယ်တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ အဓိကအိပ်မက်ကတော့ လမ်းဘေးအဆင့်မှာပဲ ကန့်သတ်ခံထားရတဲ့ ဂီတသံစဉ်တွေကို ကမ္ဘာ့အဆင့်ရောက်အောင် လုပ်ပြချင်တာပါ။ ဂျီဗာတင်မဟုတ်ဘဲ ဂျီဗာ့ အဘိုးနဲ့ အဖေတို့ဟာလည်း ဂီတအိပ်မက်ကို ကိုယ်စီမက်ခဲ့ကြပေမဲ့ စနစ်တစ်ခုရဲ့ ကန့်သတ်မှုတွေကြောင့် လမ်းတစ်ဝက်မှာ ရပ်တန့်ခဲ့ရသူတွေဖြစ်ပါတယ်။ ဂျီဗာတစ်ယောက် မိသားစုရဲ့ အရှုံးသံသရာကို ချိုးဖျက်ပြီး မိသားစုရဲ့ မျိုးဆက်သုံးဆက် အိပ်မက်ကို အကောင်အထည်ဖော်နိုင်မလား၊ သူ့ရဲ့ ဂီတသံစဉ်ကို ထိန်းသိမ်းရင်း အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… 2.6 GB / 1.6 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း