ဇာတ်ကားများ ရွေးရန်

Tragedy Girls

2017ဇာတ်ကားအမှတ် 6.0/1098 မိနစ်

Tragedy Girls (2017) IMDb Rating (6.0) / Rotten Tomatoes (85%) Tragedy Girls (2017) က ဆိုရှယ်မီဒီယာမှာ Follower ရပြီး နာမည်ကြီးချင်လို့ လူသတ်သမား လုပ်ကြတဲ့ အထက်တန်းကျောင်းသူ သူငယ်ချင်းနှစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ သွေးပျက်စရာ ဟာသလူသတ်ကား (Dark Horror-Comedy) ပဲ ဖြစ်ပါတယ်။ ပါဝင်တဲ့ casts တွေကလည်း နာမည်ရသရုပ်ဆောင်တွေဖြစ်ကြတဲ့ Brianna Hildebrand, Alexandra Shipp, Jack Quaid, Josh Hutcherson, Craig Robinsonနဲ့ Kevin Durand တို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဆေဒီ (Sadie) နဲ့ မက်ကေလာ (McKayla) တို့က အထက်တန်းကျောင်းက cheerleading အဖွဲ့ဝင်တွေဖြစ်ပြီး True-Crime (လူသတ်မှုအစစ်အမှန်တွေ) အကြောင်း တင်တဲ့ Blog တစ်ခုကို ပူးတွဲလုပ်နေကြတာပါ။ သူတို့ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က ဆိုရှယ်မီဒီယာပေါ်မှာ Follower တွေ သန်းနဲ့ချီရပြီး ကျော်ကြားဖို့ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က မြို့ထဲက နာမည်ကြီး လူသတ်သမား လိုဝယ်လ် (Lowell) ကို ထောင်ချောက်ဆင်ပြီး လူသူမရှိတဲ့ ဂိုဒေါင်တစ်ခုထဲမှာ ပြန်ပေးဆွဲပြီး ဖမ်းဆီးထားလိုက်ပါတယ်။ အကြံအစည်ကတော့ သူတို့နှစ်ယောက်ကိုယ်တိုင် မြို့ထဲမှာ လူသတ်မှုတွေ လိုက်လုပ်ပြီး အပြစ်အားလုံးကို ဖမ်းထားတဲ့ လူသတ်သမားပေါ် ပုံချဖို့ပါပဲ။ သူတို့က Breaking News တွေဖြစ်ပြီး လူတွေ စိတ်ဝင်စားမှုရအောင် ကျောင်းက အမုန်းဆုံးသူငယ်ချင်းတွေ၊ ပြိုင်ဘက်တွေကို တစ်ယောက်ပြီးတစ်ယောက် ရက်ရက်စက်စက် လိုက်သတ်ပြီး Blog ပေါ်မှာ သတင်းဦးအနေနဲ့ တင်ကြပါတယ်။ သတင်းတွေကြောင့် သူတို့ Blog က Follower တွေ တက်လာပေမဲ့ ရဲမှူးရဲ့သား ဂျော်ဒန် (Jordan) နဲ့ ဆေဒီတို့ နီးစပ်သွားတဲ့အခါမှာတော့ သူငယ်ချင်းနှစ်ယောက်ကြားထဲ သဝန်တိုမှုတွေ၊ စိတ်ဝမ်းကွဲမှုတွေ စဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ကျောင်းရဲ့ Prom ကပွဲညမှာ သူတို့နှစ်ယောက်က တစ်ကမ္ဘာလုံး ဟိုးလေးတကျော်ဖြစ်သွားစေမယ့် အကြီးမားဆုံး သွေးအေးထောင်ချောက်ကြီးတစ်ခုကို ဆင်ပါတော့တယ်။ အဲဒီအခါ ဒီကောင်မလေးနှစ်ယောက်ရဲ့ သွေးအေးလွန်းတဲ့ အစီအစဉ်ကြီးကနေ ကျောင်းသားတွေ လွတ်မြောက်နိုင်ပါ့မလား၊ သူတို့ပဲ အောင်ပွဲခံသွားမလားဆိုတာကိုတော့ စိတ်လှုပ်ရှားဖွယ် ဆက်လက်ကြည့်ရှုလိုက်ပါ။ File size… (1.2 GB) / (800 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Horror Duration…. 01:38:39 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း