ဇာတ်ကားများ ရွေးရန်

Survival of the Dead

2010ဇာတ်ကားအမှတ် 4.9/1090 မိနစ်

ဇွန်ဘီးတွေကြောင့် ကမ္ဘာတစ်ဝန်း ပရမ်းပတာဖြစ်နေချိန်မှာ ဆာ့ခ်ျနဲ့ စစ်သားတစ်စုက အထက်လူကြီးတွေကို စိတ်နာပြီး တပ်ကနေ ထွက်ပြေးလာကြပါတယ်။ သူတို့လိုချင်တာက ဘေးကင်းကင်းနေနိုင်မယ့် နေရာတစ်ခုပါ။ ပလမ်းကျွန်းပေါ်မှာလည်း အိုဖလင်းမိသားစုနဲ့ မဲလ်ဒွန်းမိသားစုတို့ ဇွန်ဘီးတွေအပေါ် အယူအဆမတူကြလို့ မကြာခဏ ပစ်ခတ်နေကြတယ်။ အိုဖလင်းတွေက ဇွန်ဘီးတွေကို အမြစ်ဖြုတ်သတ်ပစ်ရမယ်လို့ ယူဆကြပေမယ့် မဲလ်ဒွန်းတွေကတော့ သူတို့ကို ပြောင်းလဲပေးနိုင်မယ်လို့ ယုံကြည်နေကြပါတယ်။ အင်အားနည်းသွားတဲ့ အိုဖလင်းဘက်က ခေါင်းဆောင် ပတ်ထရစ်ဟာ နောက်ဆုံး ကျွန်းပေါ်ကနေပါ နှင်ထုတ်ခံလိုက်ရတယ်။ ကျွန်းကိုပြန်ဖို့ ကြံစည်နေတဲ့ ပတ်ထရစ်နဲ့ ခိုလှုံရာရှာနေတဲ့ ဆာ့ခ်ျတို့ တွေ့ဆုံမိတဲ့အခါ သူတို့ရဲ့ခရီးက ဘယ်လိုဆက်ဖြစ်မလဲ။ တစ်ယောက်တစ်မင်း လုပ်နေကြတဲ့ ဒီအချိန်မှာ ဘယ်သူတွေ အသက်ရှင်ကျန်နိုင်မလဲဆိုတာကို ဆက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း