ဇာတ်ကားများ ရွေးရန်

Bodies Bodies Bodies

2022ဇာတ်ကားအမှတ် 6.4/1094 မိနစ်

ချမ်းသာတဲ့ သူငယ်ချင်းတစ်စုဟာ လူသူနဲ့ဝေးတဲ့ စံအိမ်ကြီးတစ်ခုမှာ ပါတီလုပ်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ နောက်ကြောင်းကိုယ်စီ ရှိနေကြတဲ့ သူတို့ဟာ ပျော်ပါးရင်း ဆော့နေကျ Bodies Bodies Bodies ဆိုတဲ့ဂိမ်းကို စကစားကြတယ်။ ဂိမ်းထဲမှာ မဲပေါက်တဲ့သူက လူသတ်သမားလုပ်ရပါတယ်။ မီးခဏပိတ်ထားချိန် တစ်ယောက်ယောက်ရဲ့ကျောကို ထိလိုက်ရင် အဲဒီလူက သေချင်ယောင်ဆောင်ပေးရပြီး အလောင်းကို စတွေ့သူက အော်အသိပေးရတယ်။ အဲဒီအခါမှ အားလုံးပြန်စုကြပြီး မေးခွန်းတွေမေးရင်း လူသတ်သမား ဘယ်သူလဲဆိုတာ အဖြေရှာကြရတာပါ။ ဒါပေမယ့် မုန်တိုင်းဝင်လာပြီး မိုးသည်းထန်ရာက မီးတကယ်ပျက်သွားပါတယ်။ သိပ်မကြာခင်မှာပဲ သူတို့တွေ့လိုက်ရတာက သေချင်ယောင်ဆောင်နေသူ မဟုတ်တော့ဘဲ အလောင်းအစစ်တစ်လောင်း ဖြစ်နေတယ်။ တရားခံကို လိုက်ရှာနေကြရင်း နောက်ထပ်တစ်ယောက်ပြီးတစ်ယောက် သေဆုံးလာတဲ့အခါ ကစားပွဲကနေ စခဲ့တဲ့ညဟာ ဟာသနဲ့ ထိတ်လန့်စရာတွေ ရောနေတဲ့ အခြေအနေတစ်ခု ဖြစ်လာပါတော့တယ်။

ဇာတ်လမ်းအကြောင်း