Bheemla Nayak
သူဌေးဒန်နီရယ်ရှီကာနဲ့ သူ့တပည့် ကားမောင်းသမားတို့ ညအချိန်မတော် နယ်စပ်ကို ဖြတ်မောင်းလာကြပါတယ်။ စစ်ဆေးရေးဂိတ်မှာ ရဲတွေက ကားကိုတားပြီး စစ်ကြည့်တော့ ခွင့်ပြုထားတဲ့ ပမာဏထက် ပိုများတဲ့ အရက်ပုလင်းတွေ သယ်လာတာကို တွေ့သွားတယ်။ အဲဒီကနေ ရုန်းရင်းဆန်ခတ်ဖြစ်လာပြီး ဒုစစ်ဆေးရေးမှူး ဘီမလာနာယက်ခ် ရောက်လာတဲ့အခါ နှစ်ယောက်လုံးကို ဖမ်းခေါ်သွားပါတယ်။ ဒန်နီရယ်ကတော့ သာမန်သူဌေးတစ်ယောက် မဟုတ်ဘူး။ ကျောထောက်နောက်ခံကြီးမားပြီး ဘယ်သူမှ မထိရဲတဲ့ တပ်ကြပ်မှူးဟောင်းတစ်ယောက်ပါ။ တစ်ဖက်မှာ ရိုးဖြောင့်ပြီး သမာသမတ်ကျတဲ့ ရဲအရာရှိ ဘီမလာနာယက်ခ်၊ တစ်ဖက်မှာ အတ္တနဲ့ အငြိုးကြီးတဲ့ ဒန်နီရယ်တို့ ထိပ်တိုက်တွေ့ကြတော့ ဒီဖမ်းဆီးမှုကနေ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းက ဆက်ပြထားပါတယ်။ တယ်လဂူ အက်ရှင်ဒရာမာဇာတ်ကားဖြစ်ပြီး ရူပီး ကုဋေ ၇၀ အကုန်အကျခံ ရိုက်ကူးထားပါတယ်။ “Ayyappanum Koshiyum” ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း