Fresh
နိုရာက တစ်ယောက်တည်းနေပြီး ကိုယ်နဲ့အဆင်ပြေမယ့် လက်တွဲဖော်ကို ရှာနေတဲ့ ကောင်မလေးပါ။ ဒိတ်တွေ ခဏခဏလုပ်ကြည့်ပေမဲ့ သဟဇာတဖြစ်တဲ့သူကို မတွေ့ရတော့ ဒိတ်လုပ်ရတာကိုတောင် စိတ်ကုန်နေပြီ။ အချစ်ဆုံးသူငယ်ချင်း မော်လီကိုလည်း သူတွေ့ခဲ့ရတဲ့ ဒိတ်တွေအကြောင်း ပြန်ပြောပြလေ့ရှိပါတယ်။ တစ်နေ့မှာတော့ စီစဉ်ထားတဲ့ ဘလိုင်းဒိတ်ကနေ မဟုတ်ဘဲ ကုန်တိုက်တစ်ခုမှာ စတိဗ်ဆိုတဲ့ လူချောတစ်ယောက်နဲ့ ဆုံမိသွားတယ်။ ဒီတစ်ခါတော့ နှစ်ယောက်သား အဆင်ပြေလာပါတယ်။ ဒါပေမဲ့ သူတို့ကြား ဘယ်လိုကြမ္မာဆိုး ဝင်လာမလဲ၊ မော်လီကရော ဘယ်နေရာကနေ ပါဝင်လာမလဲဆိုတဲ့ မေးခွန်းတွေ ရှိနေတယ်။ လူသတ်မှုနဲ့ လူသားစားမှုတွေ ပါဝင်တဲ့ ထိတ်လန့်သည်းဖိုဇာတ်ကားဖြစ်ပြီး လူသတ်သမား ဘယ်လောက်အထိ ယုတ်မာနိုင်သလဲဆိုတာကိုလည်း ဆက်တွေ့ရမှာပါ။ Captain America ထဲက Winter Soldier အဖြစ် လူသိများတဲ့ Sebastian Stan ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း