Studio 666
နာမည်ကြီး ရော့ခ်ဂီတအဖွဲ့တစ်ဖွဲ့ဟာ ဆယ်နှစ်ပြည့်အထိမ်းအမှတ် သီချင်းခွေထုတ်ဖို့ စီစဉ်နေပါတယ်။ သူတို့လိုအပ်နေတာက တိတ်ဆိတ်ပြီး အသံသွင်းလို့ကောင်းမယ့် အိမ်တစ်အိမ်ပါ။ နေရာလိုက်ရှာရင်း ရှေးဟောင်းအိမ်ကြီးတစ်အိမ်ကို ရောက်သွားတဲ့အခါ အဖွဲ့ခေါင်းဆောင်က အဲဒီအိမ်ကို ရွေးလိုက်တယ်။ ကျန်တဲ့အဖွဲ့သားတွေက စိတ်ထဲ မသိုးမသန့်ဖြစ်နေကြပေမယ့် သီချင်းသွင်းဖို့ အဆင်ပြေလို့ သဘောတူလိုက်ကြပါတယ်။ အိမ်ကြီးမှာ နေထိုင်ရင်း တစ်ရက်ပြီးတစ်ရက် နိမိတ်ဆိုးတွေနဲ့ ဖြစ်ရပ်ဆိုးတွေ ဆက်တိုက်ကြုံလာရတယ်။ တီးဝိုင်းခေါင်းဆောင်ရဲ့ အပြုအမူတွေကလည်း တစ်မျိုးတစ်မည် ပြောင်းလာပါတယ်။ အဖွဲ့သားတွေ စိတ်ထင်နေတာပဲလား၊ အိမ်ကြီးရဲ့ ညှို့ငင်မှုကြောင့်လားဆိုတာ မရှင်းလင်းသေးသလို သူတို့ဖန်တီးနေတဲ့ သီချင်းခွေက ဘယ်လိုသံစဉ်တွေ ဖြစ်လာမလဲဆိုတာလည်း စောင့်ကြည့်ရဦးမှာပါ။ ဂီတနဲ့ ဟာသရောယှက်ထားတဲ့ ဒီထိတ်လန့်ဇာတ်ကားမှာ သွေးထွက်သံယိုနဲ့ အော်ဂလီဆန်စရာ အခန်းတွေ ပါဝင်ပါတယ်။
ဇာတ်လမ်းအကြောင်း