Churuli
တောထဲဝင်လာတဲ့ ခရီးသွားတွေကို လမ်းလွဲအောင် ဖမ်းစားတတ်တဲ့ ပါရူမာဒန်ဆိုတဲ့ တစ္ဆေအကြောင်း ပုံပြင်တစ်ပုဒ်နဲ့ ဇာတ်လမ်းစပါတယ်။ တစ္ဆေကို နှိမ်နင်းဖို့ ဘုန်းကြီးတစ်ပါးက ခြင်းတောင်းကို ခေါင်းပေါ်ရွက်ပြီး တောထဲဝင်လာတယ်။ လမ်းမှာ ဘောလုံးတစ်လုံးလို့ ထင်ရတဲ့အရာကို တွေ့တော့ ကလေးတွေ ကစားဖို့ဆိုပြီး ကောက်ထည့်လာခဲ့ပါတယ်။ နောက်မှ အဲဒါက လုံးခွေနေတဲ့ ပုရွက်စားကောင်ဖြစ်နေပြီး စကားပါ ပြောတတ်နေတယ်။ ဘုန်းကြီးက အဲဒီအကောင် ညွှန်တဲ့အတိုင်း သွားမိရာက ကိုယ်တိုင်လမ်းပျောက်သွားခဲ့ပြီး နောက်ကျမှ သူသယ်လာတာ တစ္ဆေကိုယ်တိုင်ဖြစ်မှန်း သိလိုက်ရပါတယ်။ အဲဒီပုံပြင်အပြီးမှာတော့ အန်တိုနီနဲ့ ရှာဂျီဗန်တို့ ဝေးလံခေါင်ဖျားတဲ့ ရွာတစ်ရွာဆီ သွားနေကြတာကို တွေ့ရပါတယ်။ ဝရမ်းပြေးတစ်ယောက်ကို ဖမ်းဖို့ အလုပ်ကြမ်းသမားတွေအဖြစ် အသွင်ယူလာကြတာပါ။ ဖမ်းရမယ့်သူအကြောင်းက နာမည်တစ်ခုကလွဲလို့ ဘာမှမသိဘူး။ လူကိုလည်း မမြင်ဖူးသလို ဓာတ်ပုံတောင် မရှိကြပါဘူး။ ရွာကိုသွားဖို့ ခရီးကြုံရတဲ့ ဂျစ်ကားတစ်စီးပေါ် လိုက်လာကြရင်း နယ်ခံရွာသားတွေနဲ့ စကားပြောကြည့်တော့ ယဉ်ကျေးပြီး ရိုးသားကြတယ်လို့ ထင်မိကြတယ်။ တောတွေ၊ တောင်တွေ၊ ကွေ့ကောက်တဲ့လမ်းတွေကို ဖြတ်လာပြီးနောက် ချောက်ကမ်းပါးပေါ်က ခနော်ခနဲ့တံတားတစ်စင်းဆီ ရောက်လာပါတယ်။ ကားနဲ့လူတွေရဲ့ အလေးချိန်ကို မခံနိုင်တာကြောင့် လူတွေက ဆင်းလျှောက်ပြီး ကားကို သတိထားဖြတ်မောင်းကြရတယ်။ တံတားဟိုဘက်လည်း ရောက်ရော စောစောက ယဉ်ကျေးချိုသာနေသူတွေက စကားပြောတိုင်း ဆဲဆိုနေတဲ့ ရိုင်းစိုင်းခက်ထန်သူတွေလို ပြောင်းသွားပါတော့တယ်။ ရွာသားတွေရဲ့ ရုတ်တရက်ပြောင်းလဲမှုအပြင် ပိုပြီးနားလည်ရခက်တဲ့ လျှို့ဝှက်ချက်တွေကလည်း အန်တိုနီနဲ့ ရှာဂျီဗန်တို့ကို စောင့်နေသေးတယ်။ ဒါရိုက်တာ Lijo Jose Pellissery က သမားရိုးကျဇာတ်လမ်းပြောပုံနဲ့ ကွဲပြားတဲ့ပုံစံကို သုံးထားပါတယ်။ ဂြိုလ်သား၊ အချိန်နဲ့နေရာ၊ အချိန်စက်ဝန်းထဲ ပြန်လည်ပတ်နေမှုတို့နဲ့ ဆက်စပ်ပြီး အဓိပ္ပာယ်ဖွင့်ကြသူတွေရှိသလို ရိုးရှင်းတဲ့ဇာတ်လမ်းလို့ ယူဆသူတွေလည်း ရှိတယ်။ တောအုပ်ရဲ့ တိတ်ဆိတ်မှုကြားက စူးစူးရှရှအသံတွေကို အသုံးပြုပြီး ခြောက်ခြားစရာအငွေ့အသက်ကို ဖန်တီးထားပါတယ်။
ဇာတ်လမ်းအကြောင်း