ဇာတ်ကားများ ရွေးရန်

E-San of the Dead

2022ဇာတ်ကား72 မိနစ်

မြို့တွေနဲ့ ဝေးလံခေါင်သီတဲ့ တောအုပ်ထဲမှာ လူတွေ စုဝေးနေထိုင်ရာကနေ ရွာငယ်လေးတစ်ရွာ ဖြစ်လာခဲ့တယ်။ အဲဒီရွာမှာ အလုပ်အကိုင်ထက် သောက်စားပျော်ပါးဖို့ပဲ စိတ်ဝင်စားတဲ့ လူငယ်သုံးယောက် ရှိပါတယ်။ တစ်ယောက်က သောက်စားနေတာကြောင့် တစ်ရွာလုံးရဲ့ အမြင်ကတ်ခြင်းကို ခံနေရသူ၊ နောက်တစ်ယောက်က အလုပ်မရှိဘဲ မူးနေလို့ လက်ထပ်ခွင့်တောင်းတာ ငြင်းခံထားရသူပါ။ ကျန်တဲ့တစ်ယောက်ကတော့ သောက်စားတတ်တဲ့ လူဝကြီးဖြစ်ပေမယ့် ငွေကြေးရှိတော့ အဆင်ပြေနေတယ်။ တစ်နေ့မှာ သူတို့ထဲက တစ်ယောက် ရုတ်တရက် မင်္ဂလာဆောင်ဖြစ်သွားလို့ နောက်ဆုံးအကြိမ် အဝသောက်ကြမယ်ဆိုပြီး ဝိုင်းသောက်ကြပါတယ်။ အမူးလွန်ပြီး နောက်နေ့နိုးလာတော့ ရွာသူရွာသားအားလုံးနီးပါး ဇွန်ဘီတွေ ဖြစ်နေကြပြီ။ ဒီလူငယ်သုံးယောက် ရွာသားတွေကို ဘယ်လိုကယ်တင်ကြမလဲ၊ ဇွန်ဘီတွေကရော ဘယ်ကနေ ဘယ်လိုစဖြစ်လာတာလဲဆိုတာကို ဟာသနဲ့ ရောစပ်ရိုက်ကူးထားတဲ့ ထိုင်းဇွန်ဘီကားပါ။

ဇာတ်လမ်းအကြောင်း