ဇာတ်ကားများ ရွေးရန်

Idle Hands

1999ဇာတ်ကားအမှတ် 6.1/1092 မိနစ်

အန်တွန်ဟာ တစ်နေ့တစ်နေ့ စားသောက်၊ တီဗီကြည့်၊ ဆေးရှူ၊ အာသာဖြေရင်းပဲ အချိန်ကုန်နေတဲ့ လူငယ်တစ်ယောက်ပါ။ ပျင်းလည်း အတော်ပျင်းပြီး ဆေးရှူဖော် သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ မစ်ခ်နဲ့ ပနက်ဘ်ကလွဲလို့ အပေါင်းအသင်းလည်း သိပ်မရှိဘူး။ မော်လီဆိုတဲ့ မိန်းကလေးတစ်ယောက်ကိုတော့ ကြိတ်သဘောကျနေပါတယ်။ ဒီလိုနေလာတဲ့ အန်တွန်ရဲ့ လက်တစ်ဖက်ကို နတ်ဆိုးဝင်ပူးသွားတဲ့အခါ သူ့ဘဝက ကမောက်ကမဖြစ်လာတယ်။ တစ်ကိုယ်လုံးကို ပူးတာမဟုတ်ဘဲ လက်တစ်ဖက်တည်းက ကိုယ်ပိုင်အသိစိတ်ရှိသလို သွေးဆာတဲ့လုပ်ရပ်တွေ ဆက်တိုက်လုပ်လာတာပါ။ အမြဲအပျင်းထူနေတဲ့ အန်တွန်လည်း ဒီတစ်ခါတော့ ငြိမ်ငြိမ်နေလို့မရတော့ဘဲ ကိုယ့်လက်ကိုယ် ပြန်ရင်ဆိုင်ရပါတော့တယ်။ ၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့ပြီး Jessica Alba ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားက သရဲခြောက်စရာတွေကို ဟာသနဲ့ ရောစပ်ထားပါတယ်။ အဖော်အချွတ်အခန်းတွေလည်း ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း