Virgin Story
ပီးဟာ နှစ်ပေါင်းများစွာ တွဲလာတဲ့ ချစ်သူ ဆာဟေးလ်ရဲ့ ဖောက်ပြန်မှုကို သုံးကြိမ်တိုင်တိုင် ခံခဲ့ရပါတယ်။ အချစ်ဦးလည်းဖြစ်၊ ကိုယ်တိုင်ကလည်း စိတ်ခံစားလွယ်သူဖြစ်နေတာကြောင့် သူ့ကို မေ့ပြီး ရှေ့ဆက်ဖို့ ခက်နေတယ်။ နောက်တော့ သူငယ်ချင်းက အတင်းတိုက်တွန်းလို့ ပီးတစ်ယောက် ကလပ်ကို ရောက်သွားပါတယ်။ သူငယ်ချင်းက စတော်ဘယ်ရီကြိုက်တဲ့သူ ချောကလက်စားမိတော့ စတော်ဘယ်ရီကို မေ့သွားသလို ဆာဟေးလ်ကို မေ့နိုင်ဖို့လည်း နောက်တစ်ယောက်နဲ့ တွေ့ကြည့်ဖို့ ပြောထားတယ်။ ဒီလိုနဲ့ ပီးက တစ်ညတာအတူ အချိန်ကုန်ဆုံးဖို့ ဗစ်ကီကို ရွေးလိုက်ပါတယ်။ ရဲတင်းတဲ့ လူငယ်နှစ်ယောက် ကလပ်မှာတွေ့ပြီး အတူနေဖို့ ကြိုးစားကြရာက အလွဲတွေ တစ်ခုပြီးတစ်ခု ဖြစ်လာတော့တယ်။ သူတို့ရဲ့ဆက်ဆံရေးက ဒီတစ်ညနဲ့ပဲ ပြီးသွားမလား၊ ခံစားချက်တွေ တဖြည်းဖြည်းတိုးလာပြီး တစ်ယောက်နဲ့တစ်ယောက် တွယ်ငြိသွားမလားဆိုတာတော့ မသေချာသေးပါဘူး။
ဇာတ်လမ်းအကြောင်း