Varisu
ဗီဂျေးဟာ ဖခင်နဲ့ ပြဿနာတက်ပြီးနောက် ကိုယ့်ဒူးကိုယ်ချွန်ဖို့ အိမ်ကနေ ထွက်လာခဲ့သူပါ။ ခုနစ်နှစ်ကြာတဲ့အခါမှာတော့ မိသားစုဆီ ပြန်လာဖို့ အကြောင်းဖန်လာပါတယ်။ အဲဒီအချိန်မှာ သူ့ဖခင်နဲ့ အစ်ကိုနှစ်ယောက်ကလည်း အစိုးရတင်ဒါတစ်ခုရဖို့ ပြိုင်ဘက်တွေနဲ့ အပြင်းအထန် ယှဉ်ပြိုင်နေကြတယ်။ ဒါပေမဲ့ မိသားစုတစ်ခုလုံး အန္တရာယ်တွေနဲ့ ရင်ဆိုင်ရတော့မယ်ဆိုတာကို သူတို့ မသိကြသေးပါဘူး။ ဘယ်လိုဘေးဒုက္ခတွေ ရောက်လာမလဲ၊ ဗီဂျေးကရော ခုနစ်နှစ်ကြာမှ ဘာကြောင့် အိမ်ပြန်လာတာလဲဆိုတဲ့ မေးခွန်းတွေနဲ့ ဇာတ်လမ်းကို ဆက်ထားပါတယ်။ မင်းသားဗီဂျေးနဲ့ ရက်ရှမီကားမန်ဒါနားတို့ အဓိကပါဝင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း