Scent of a Ghost
ဂျီယွန်းဟာ ဂီတမေဂျာယူထားတဲ့ တက္ကသိုလ်ကျောင်းသူတစ်ယောက်ဖြစ်ပြီး ဒုံဆော့နဲ့ ချစ်သူတွေပါ။ ဒုံဆော့ရဲ့မိဘတွေက သားကို နိုင်ငံခြားမှာ ပညာသင်စေချင်တာကြောင့် သူတို့နှစ်ယောက် တွဲနေတာကို သိပ်မကြည်ဖြူကြပါဘူး။ ဒုံဆော့ကတော့ ခြောက်လကြာရင် ပြန်လာမယ်လို့ ဂျီယွန်းကို ကတိပေးထားပါတယ်။ နိုင်ငံခြားမထွက်ခင် တစ်ရက်အလိုမှာ ဒုံဆော့ဟာ လက်ထပ်ခွင့်တောင်းဖို့ ဂျီယွန်းဆီ သွားပေမယ့် သူ့ကို မတွေ့ရတော့ပါဘူး။ သိပ်မကြာခင်မှာပဲ ဂျီယွန်းနေတဲ့ အဆောက်အဦးဟောင်းရဲ့ အခန်း ၄၀၂ မှာ သရဲခြောက်တယ်ဆိုတဲ့ ကောလာဟလ ပေါ်လာပါတယ်။ သရဲမလေး ဂင်ဂျီယွန်းက ဘာကြောင့် ဒီတိုက်ခန်းကို မခွာနိုင်တာလဲ၊ ဒုံဆော့ကရော ကတိပေးထားတဲ့အတိုင်း ခြောက်လအကြာမှာ ဘာလို့ ပြန်မလာနိုင်ခဲ့တာလဲ။ ၂၀၁၉ ခုနှစ်ထွက် ဒီဇာတ်ကားမှာ အခန်း ၄၀၂ က အဖြစ်အပျက်တွေကို ထိတ်လန့်စရာ၊ ဟာသနဲ့ သနားစရာအချစ်ဇာတ်လမ်း ရောစပ်တင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း