Phenomena
ဖာသာပီလွန်ဟာ ၁၉၈၇ ခုနှစ်မှာ အရည်အချင်းရှိတဲ့သူတွေကို စုစည်းပြီး ဟက်ပ်တာအဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။ သူတို့အဖွဲ့က သဘာဝလွန်ဖြစ်ရပ်တွေနဲ့ သိပ္ပံနည်းကျ ရှင်းမပြနိုင်တဲ့ အမှုတွေကို လိုက်လံစုံစမ်းဖြေရှင်းကြတာပါ။ တစ်နေ့တော့ ရှေးဟောင်းပစ္စည်းဆိုင်တစ်ဆိုင်က အကူအညီတောင်းလာတယ်။ ဆိုင်ထဲမှာ ပစ္စည်းတွေ နေရာရွေ့နေတာ၊ အနံ့ဆိုးတွေထွက်တာ၊ အရာဝတ္ထုတွေ ပျံနေတာနဲ့ လူရိပ်တွေ မြင်ရတာမျိုး ဖြစ်နေတယ်ဆိုလို့ ဖာသာပီလွန်က တခြားအဖွဲ့ဝင်တွေ မပါဘဲ တစ်ယောက်တည်း သွားစုံစမ်းပါတယ်။ ဒါပေမယ့် အဲဒီကနေ သတိမေ့ပြီး ဆေးရုံတက်လိုက်ရတဲ့အခါ ကျန်အဖွဲ့ဝင်တွေက ဖာသာ ဘာကြုံခဲ့ရသလဲဆိုတာ သိဖို့ ဆိုင်ကို သွားစုံစမ်းကြရတော့တယ်။ အကြောက်အလန့်မရှိတဲ့ ဂလော်ရီယာ၊ ပက်ဇ်နဲ့ ဆာဂရာရီယိုတို့ သုံးယောက်လည်း ဒီဖြစ်ရပ်နောက်ကို လိုက်ကြပါတယ်။ ၁၉၉၉ ခုနှစ်က စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ကို အခြေခံထားတဲ့ စပိန်ထိတ်လန့်ဇာတ်ကားပါ။ ဟက်ပ်တာဟာ အပြင်မှာ တကယ်ရှိတဲ့အဖွဲ့ဖြစ်ပြီး ဇာတ်လမ်းထဲက အဓိကဇာတ်ကောင်သုံးယောက်ကို အဖွဲ့ဝင်တွေဖြစ်တဲ့ Sol Blanco-Soler၊ Paloma Navarrete နဲ့ Piedad Cavero တို့ကို ကိုယ်စားပြုပုံဖော်ထားပါတယ်။
ဇာတ်လမ်းအကြောင်း