ဇာတ်ကားများ ရွေးရန်

Das Ka Dhamki

2023ဇာတ်ကားအမှတ် 5.6/10150 မိနစ်

ခရစ်ရှနာဒါ့စ်ဟာ ငယ်ငယ်ကတည်းက မိခင်ကို ကင်ဆာရောဂါနဲ့ ဆုံးရှုံးခဲ့ရပြီး မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာတဲ့ ကောင်လေးတစ်ယောက်ပါ။ ရိုးရိုးသားသား ကြိုးစားရှာဖွေနေပေမယ့် ဆင်းရဲတာကို အထင်သေးပြောဆိုတတ်သူတွေကြားမှာ နေရတာကြောင့် ချမ်းသာချင်စိတ် ပြင်းပြနေတယ်။ သူအလုပ်လုပ်တဲ့ ဟိုတယ်မှာ ဧည့်သည်တစ်ယောက်က နှိမ်ချပြောဆိုလိုက်တဲ့တစ်နေ့တော့ ဘယ်လောက်ပဲကုန်ကုန် ဒီဟိုတယ်မှာ တစ်ညလောက် ဂုဏ်ရှိရှိ ပျော်ပျော်နေမယ်ဆိုပြီး လစာတွေကို ပုံအောသုံးလိုက်ပါတယ်။ အဲဒီညမှာ ကီရ်သီးဆိုတဲ့ မိန်းကလေးနဲ့တွေ့ပြီး သူ့ကိုယ်သူ သူဌေးတစ်ယောက်လို့ လိမ်ပြောကာ အနားကပ်တော့တယ်။ ကိုယ်စားပွဲထိုးလုပ်နေတဲ့ ဟိုတယ်မှာပဲ အထူးဧည့်သည်တစ်ယောက်လို ဟန်ဆောင်နေတာဆိုတော့ ဒီလိမ်ဆင်ကို ဘယ်လောက်ကြာကြာ ဖုံးထားနိုင်ပါ့မလဲ။ တစ်ဖက်မှာလည်း ကုဋေတစ်သောင်းနဲ့ ဝန်ထမ်းထောင်ချီပြီး လည်ပတ်နေတဲ့ ကုမ္ပဏီကြီးတစ်ခုက ကင်ဆာကင်းစင်တဲ့ ကမ္ဘာဖြစ်လာဖို့ ရည်ရွယ်ထားတယ်။ ခရစ်ရှနာဒါ့စ်နဲ့ ဒီပရောဂျက် ဘယ်လိုပတ်သက်လာမလဲဆိုတာကတော့ ဆက်တွေ့ရမှာပါ။ Hit The First Case မူရင်းတေလဂူးကားမှာ ပါဝင်ခဲ့တဲ့ Vishwak Sen က ဒီကားကို ကိုယ်တိုင်ဇာတ်ညွှန်းရေး၊ ဒါရိုက်တာလုပ်ပြီး နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားတာဖြစ်လို့ နောက်ဇာတ်ကောင်တစ်ယောက်က ဘယ်လိုလူမျိုးလဲဆိုတာလည်း သိရဖို့ရှိနေပါတယ်။

ဇာတ်လမ်းအကြောင်း