ဇာတ်ကားများ ရွေးရန်

Lisa Frankenstein

2024ဇာတ်ကားအမှတ် 6.3/10102 မိနစ်

Lisa Frankenstein (2024) Frankenstein ကိုပြန်ရိုက်ထားတဲ့ ရုပ်ရှင်တွေ အများကြီး ရှိသလို သူ့အကြောင်းလည်း သိပြီးသားဖြစ်ကြမှာပါ။ ဒါပေမယ့် ဒီကားလေးကတော့ သူ့ချစ်သူ Lisa Frankenstein ရဲ့ အကြောင်းကို စိတ်ကူးယဥ် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Cast တွေကလည်း အားလုံးနဲ့ မစိမ်းတဲ့ Cole Sprouse နဲ့ Kathryn Newton တဖိလစ်ပိုင် မင်းသမီး Liza Soberanoတို့ ပါဝင်ထားပါတယ်။ Lisa ရဲ့ အမေဟာ အသတ်ခံခဲ့ရပြီးနောက်မှာ သူ့အဖေရဲ့ နောက်အိမ်ထောင်ဖြစ်တဲ့ မိထွေးရယ် မိထွေးနဲ့ပါတဲ့ အစ်မရယ် တို့နဲ့ အတူနေပါတယ်။ သူ့အစ်မက သူ့အပေါ် ကောင်းပေမယ့် မိထွေးက သူ့ကို တချိန်လုံး ငြိုငြင်နေတာပါ။ အမေကို ဆုံးရှုံးထားရလို့ စိတ်ဒဏ်ရာ ရနေတဲ့ Lisa က လူတွေနဲ့ အပြောအဆို အဆက်အဆံ မလုပ်တော့ပဲ သင်္ချီုင်းကုန်း တစ်ခုထဲက အုတ်ဂူတွေကြားမှာပဲ အချိန်ဖြုန်းလို့သာနေပါတယ်။ အဲ့ဒီအုတ်ဂူတွေထဲကမှ Frankenstein ရဲ့ ရုပ်ထုနဲ့ အုတ်ဂူဟာ သူသဘောအကျဆုံးဖြစ်ပါတယ်။ တစ်ရက် သူ့အစ်မနဲ့ အတူ ပါတီသွားရင်း ကမောက်ကမတွေ ဖြစ်လာတဲ့ Lisa က မုန်တိုင်းထန်နေတဲ့ ညမှာ Frankenstein ရဲ့ အုတ်ဂူရှေ့မှာ ဆုတစ်ခု တောင်းမိလိုက်ပါတယ်။ နောက်တစ်ရက်မှာ သူ့ ဆုက အမှန်ဖြစ်လာပြီး မြေကြီးထဲက အလောင်းကောင် Frankenstein နိုးလာပြီး သူ့ဆီကို တန်းတန်းမတ်မတ်ရောက်လာခဲ့တာပါ။ သူတို့နှစ်ယောက်ကြား ဘာဆက်ဖြစ်မယ်ဆိုတာကတော့ ရုပ်ရှင်ထဲမှာ ဆက်လက် ကြည့်ရှု ရမှာပါ။

ဇာတ်လမ်းအကြောင်း