ဇာတ်ကားများ ရွေးရန်

Ponniyin Selvan: Part II

2023ဇာတ်ကားအမှတ် 6.9/10165 မိနစ်

လွန်ခဲ့တဲ့ နှစ်တစ်ထောင်က ချိုလာမင်းဆက်ကို အခြေခံထားတဲ့ ဇာတ်လမ်းမှာ တန်ဂျာဗူးပြည်ရဲ့ မင်းကြီး ဆွန်ဒရချိုဇာက နာမကျန်းဖြစ်ပြီး အိပ်ရာထဲ လဲနေပါတယ်။ သူ့မှာ စစ်ရေးကျွမ်းကျင်တဲ့ သားတော်နှစ်ပါးနဲ့ လိမ္မာပါးနပ်တဲ့ သမီးတော် ကွန်ဒဗေးတို့ ရှိတယ်။ သားတော်အကြီး အိမ်ရှေ့စံမင်းသား အာဒိတက ခြေလျင်တပ်တွေနဲ့ နယ်မြေချဲ့ထွင်နေပြီး သားတော်အငယ် အရွန်းမိုဇီကလည်း ရေတပ်နဲ့အတူ တခြားတိုင်းပြည်တွေကို နယ်ချဲ့နေခဲ့ပါတယ်။ မင်းမိသားစု တကွဲတပြားဖြစ်နေချိန်မှာ လုပ်ကြံမယ့် သူလျှိုတွေ တိုင်းပြည်ထဲကို ဝင်လာကြတယ်။ အန္တရာယ်ကို ရိပ်စားမိတဲ့ မင်းကြီးအနေနဲ့ သားတော်တွေကို ပြန်ခေါ်နိုင်မလား၊ မင်းမိသားစု အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရမလားဆိုတဲ့ အခြေအနေကနေ ဒုတိယပိုင်းကို ဆက်ထားပါတယ်။ ဒီအပိုင်းမှာ အရွန်းမိုဇီက ခမည်းတော်ရဲ့အမိန့်အရ အကျဉ်းသင်္ဘောနဲ့ ပြန်လာခဲ့ပေမယ့် မမျှော်လင့်ထားတဲ့ မုန်တိုင်းနဲ့ ကြုံရတယ်။ သင်္ဘောပျက်ပြီး သူလည်း ရက်ပေါင်းများစွာ ပျောက်ဆုံးသွားခဲ့ပါတယ်။ အရွန်းမိုဇီ တကယ်သေဆုံးသွားပြီလားဆိုတာ မသိရသေးချိန်မှာ နောင်တော် အာဒိတက ဒီကိစ္စဟာ နန်ဒီယာရဲ့ ကြိုးကိုင်မှုလို့ ယူဆလိုက်တဲ့အတွက် ပဋိပက္ခတွေ ပိုတင်းမာလာတယ်။ တစ်ဖက်မှာလည်း ဒီအခြေအနေကို အခွင့်ကောင်းယူပြီး တိုင်းပြည်အာဏာကို သိမ်းဖို့ ကြိုးစားနေသူတွေ ရှိနေပါတယ်။ ထက်မြက်ပြီး ပါးနပ်တဲ့ ဘုရင်မ နန်ဒီယာကရော နောက်ထပ် ဘယ်လိုအကွက်ရွှေ့ဦးမလဲ။ ဗစ်ကရမ်၊ ဂျယန်းရဗီ၊ ကာသီ၊ အက်ရှ်ဝါရီယားရိုင်းနဲ့ ထရီရှားတို့ ပါဝင်ထားပြီး ဒုတိယပိုင်းမှာလည်း တိုက်ခိုက်ခန်းတွေနဲ့ နန်းတွင်းအပြင်အဆင်တွေကို ဆက်မြင်ရပါတယ်။

ဇာတ်လမ်းအကြောင်း