Rudhran
ဘွန်မီဟာ သူ့ကိုဆန့်ကျင်သူဆို မဆိုင်းမတွ သတ်ပစ်တတ်တဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်ပါ။ အဲဒီလိုလူမှာ အလွန်ချစ်ရတဲ့ ညီတစ်ယောက်ရှိပြီး နာမည်က ဆာရှီတဲ့။ တစ်နေ့ ဆာရှီ အသတ်ခံလိုက်ရတဲ့အခါ ဘွန်မီဟာ ယူကြုံးမရဖြစ်ပြီး တရားခံကို ရှိသမျှအင်အားသုံးကာ လိုက်ရှာပါတော့တယ်။ ရူဒရန်ကတော့ သူ့ကိုချစ်တဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေတတ်တဲ့ ကောင်လေးတစ်ယောက်ပါ။ အလုပ်သွား၊ လစာထုတ်၊ သောက်စားပျော်ပါးရင်း ဘဝကို ဖြတ်သန်းနေတဲ့ သူကပဲ ဘွန်မီ့ညီကို သတ်ခဲ့သူ ဖြစ်နေတယ်။ ဒီလိုသာမန်ဘဝနဲ့ နေတဲ့ကောင်လေးက ဘာကြောင့် လူသတ်တဲ့အထိ ဖြစ်သွားရတာလဲ။ လူတိုင်းကြောက်ရတဲ့ ဘွန်မီနဲ့ ပတ်သက်မိပြီးနောက် ရူဒရန်ရဲ့ဘဝ အရင်လို အေးချမ်းနိုင်ပါဦးမလား။
ဇာတ်လမ်းအကြောင်း