Mandao Returns
Mandao Returns က ၂၀၁၈ ခုနှစ်ထွက် Mandao of the Dead ရဲ့ အဆက်ဖြစ်ပြီး ဝိညာဉ်လွှင့်တာနဲ့ အချိန်ခရီးသွားတာကို ပေါင်းစပ်ထားတဲ့ ထိတ်လန့်ဟာသဇာတ်ကားပါ။ ရှေ့ဇာတ်ကားမှာ ဂျေးတို့အမျိုးတစ်စုက ဟော်လိုဝင်းပွဲအတွင်း လူတစ်ယောက်ကို အချိန်နောက်ပြန် ဝိညာဉ်လွှင့်ပြီး ကယ်တင်ခဲ့ကြတယ်။ အဲဒီနောက် ဂျက်ဆန်ကြောင့် အိမ်မီးလောင်သွားလို့ ဝမ်းကွဲဖြစ်သူ အန်ဒီ့ဆီ ပြောင်းလာကြရတဲ့နေရာကနေ ဒီဇာတ်လမ်း စထားပါတယ်။ အန်ဒီ့အိမ်မှာ နေနေတုန်း ဂျေးက ဝိညာဉ်လွှင့်တာကို ဆက်မလုပ်ဖို့ သတိပေးသလိုဖြစ်နေတဲ့ ထူးဆန်းတဲ့အိပ်မက်တွေ မက်လာတယ်။ အဲဒီအချိန်မှာပဲ နာမည်ကြီးမင်းသမီးတစ်ယောက် မူးယစ်ဆေးလွန်ပြီး သေဆုံးသွားပါတယ်။ သူ့မန်နေဂျာက တမလွန်ရောက်နေတဲ့ မင်းသမီးနဲ့ စကားပြောချင်လို့ ဝိညာဉ်နဲ့ပတ်သက်တဲ့ စွမ်းအင်ရှိသူ အန်ဒီ့ကို ဆက်သွယ်ချိန်းဆိုလာတယ်။ အန်ဒီကလည်း ငွေလိုနေသူဆိုတော့ ဒီကိစ္စမှာ ဂျေးပါ ဝင်ကူပေးရပါတော့တယ်။ ဝိညာဉ်မလွှင့်ချင်တော့တဲ့ ဂျေး၊ ပိုက်ဆံလိုနေတဲ့ အန်ဒီနဲ့ အူတူတူလက်ထောက် ဂျက်ဆန်တို့ သုံးယောက် ဒီတစ်ခါ ဘာတွေနဲ့ ကြုံရဦးမလဲ။
ဇာတ်လမ်းအကြောင်း