ဇာတ်ကားများ ရွေးရန်

Men on a Mission (or) Knowing Brothers

2015ဇာတ်လမ်းတွဲအမှတ် 7.5/10

Knowing Brothers (2015-Present) ဒီ Variety Show လေးက​တော့ အားလုံးသိကြတဲ့အတိုင်း Knowing Brothers ကျောင်း​တော်ကြီးရဲ့ ကျောင်းသားများဟာ အပတ်စဥ် ကျောင်း​တော်ကြီးဆီ​ရောက်လာတဲ့ ကျောင်း​သားသစ်​လေးတွေကို ကြိုဆိုဧည့်ခံကြပြီး ဂိမ်း​တွေအတူ​​ဆော့ Quiz တွေ အတူ​ဖြေကြတဲ့ Variety Show လေး တစ်ခုပါ။ Channel Myanmar မှလည်း ဒီအစီအစဥ်​လေးကို တင်ဆက်​ပေးလာခဲ့တာ ရက်သတ္တပတ် ၇ပတ်မြောက်ခဲ့ပြီဖြစ်ပါတယ်။ တင်ဆက်​ပေးလာရင်းနဲ့ ကြည့်ရှုအား​ပေးသူများပြားတဲ့ အစီအစဥ်​လေးမို့လို့ Knowing Brothers Show မှာ Hit ဖြစ်​ခဲ့တဲ့ အပိုင်း​ဟောင်း​လေး​တွေကို ပြန်လည်တင်ဆက်​ပေးဖို့ CM Variety Team မှ စီစဥ်ခဲ့ပါတယ်။ လက်ရှိ Kpop လောကမှာကြီးစိုး​နေကြတဲ့ BTS, BlackPink, EXO, Twice, Seventeen, ITZY စတဲ့ နာမည်ကြီးအဖွဲ့​တွေအပြင် တခြားအဖွဲ့​ပေါင်းများစွာရဲ့ကျောင်း​တော်ကြီးဆီ လာ​ရောက်လည်ပတ်တုန်းက အပိုင်း​​တွေကို ပြန်လည်တင်ဆက်​ပေးမှာမို့ CM ပရိသတ်ကြီးများက မျှော်​လင့်​စောင့်စား​​ပေးရုံပါပဲ။ အပိုင်း​ဟောင်း​တွေကို တင်ဆက်​ပေးရင်း အပတ်စဥ်ထွက်ရှိ​နေတဲ့ အပိုင်းသစ်​​တွေကိုပါ မပြတ်မလတ် အ​ကောင်းဆုံး Quality နဲ့ ဆက်လက် တင်ဆက်​ပေးမှာမို့ ပရိသတ်ကြီးများ ကျေနပ်အားရမယ်လို့ မျှော်လင့်မိပါတယ်။ အညွှန်းကို Thet Hnin Hsu မှ ရေးသားထားပါတယ်။ Translated by  : CM Variety Team Encoded by  : YK

အပိုင်းများ

109 အပိုင်း၊ season 8 season

ဇာတ်လမ်းအကြောင်း