ဇာတ်ကားများ ရွေးရန်

Save Me

2017ဇာတ်လမ်းတွဲအမှတ် 7.9/10

Save Me (2017) Season 1 အပိုင်း   (  ၁  မှ  ၁၆   ) အထိ   စ  / ဆုံး Ongoing အပိုင်းသစ်တွေမျှော်ရင်း ဇာတ်ကားဟောင်းကြည့်ဖို့ရှာနေသူများအတွက် ၂၀၁၇ က ထွက်ရှိထားတဲ့ "Save Me" ဆိုတဲ့ကားဟောင်းလေးကို CM ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။ OCN ကားဆိုတဲ့အတိုင်း thriller, mystery အမျိုးအစားဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ Ok Taec-yeon, Woo Do-hwan, Seo Ye-ji တို့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း ဆန်းမီတို့မိသားစုဟာ စီးပွားရေးကျပ်တည်းမှုကြောင့် ဆိုးလ်မြို့ကြီးကနေ မူဂျီဆိုတဲ့ နယ်မြို့လေးကိုပြောင်းရွှေ့လာခဲ့ရပါတယ်။ မူဂျီမြို့မှာအခြေကျဖို့ကြိုးစားရင်း ဖခင်ဖြစ်သူက ရရာအလုပ်တွေရှာဖွေလုပ်ပြီး မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်ဖြေရှင်းနေရပါတယ်။ ဒီလိုခက်ခဲနေတဲ့ ဆန်းမီတို့မိသားစုလေးကို ကူညီပေးမယ့်သူပေါ်ပေါက်လာပါတယ်။ အဲဒါကတော့ မူဂျီမြို့မှာ လူအများလေးစားယုံကြည်ကြတဲ့ ဘာသာရေးအဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ ဒါပေမယ့် သာမန်ဘာသာရေးအဖွဲ့မဟုတ်ဘဲ နယ်မြေခံရဲတွေ အစိုးရအရာရှိတွေပါဝင်ပတ်သက်နေတဲ့ အစွန်းရောက်ဘာသာရေးအဖွဲ့ဖြစ်နေတဲ့အခါမှာတော့..... ဆန်းမီတို့မိသားစုရဲ့ကံကြမ္မာက ဘယ်လိုဖြစ်သွားမလဲ~ ဆန်းမီရဲ့ "ကယ်ကြပါ" ဆိုတဲ့ အချက်ပြစကားတစ်ခွန်းကြောင့် အဲဒီအဖွဲ့နောက်လိုက်စုံစမ်းကြတဲ့ လူငယ်လေးယောက်ကရော ဆန်းမီကိုကယ်တင်နိုင်ပါ့မလား~ ဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်နော်... နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားတဲ့ နာမည်ကြီးဇာတ်ကားဟောင်းလေးဖြစ်တာမို့ အတော်များများ ကြည့်ရှုပြီးလောက်ပေမယ့် CM လက်ရာလေးနဲ့ တစ်ဖန်ပြန်ရှုစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေနော်~~ Episodes : 16 File Size   : 1.01 GB & 363MB Quality     :Web-Dl. 1080p,720p Genres      : Mystery , Thriller Translated by  EiPhyu Khin , Hnin Wut Yi , Chothet_mlmt  khine khine wai Encoded by  Min Wai

အပိုင်းများ

32 အပိုင်း၊ season 2 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း