ဇာတ်ကားများ ရွေးရန်

Cha's Family

2026ဇာတ်လမ်းတွဲအမှတ် 8.8/10

Cha's Family (2026) အပိုင်းသစ် (1 မှ 9) စ/ဆုံး ဒီတစ်ခါမှာတော့ ထိုင်းနဲ့ဂျပန်ရဲ့ နာမည်ကြီး အစားအသောက်တွေကို လေ့လာခွင့်ရမဲ့ ခရီးသွားရှိုးလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးက လူတိုင်းကို ဆွဲဆောင်နိုင်မဲ့ ဆန်းသစ်ပြီး ကွဲပြားတဲ့ K-Spicy Sauce တစ်ခုကို ဖန်တီးဖို့ မင်းသားကြီး Cha Seung Won ဦးဆောင်တဲ့ အဖွဲ့တစ်ခုကို ဖွဲ့စည်းထားပါတယ်။ Cha Seung Wonနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက ဒေသတွင်း နာမည်ကြီးတဲ့ အစာအသောက်တွေကို တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ကွင်းဆင်း‌လေ့လာကြရမှာပဲ ဖြစ်ပါတယ်။ မင်းသားကြီး Cha Seung Wonနဲ့အတူ The Return Of Superman ပရိသတ်တွေနဲ့ မစိမ်းတဲ့ Sarang‌လေးရဲ့‌ အဖေ Choo Sung Hoon, အဆိုတော် Din Din, Musical Artist ဖြစ်တဲ့ Danny Koo နဲ့ Tommy တို့က ဒီပရောဂျက်ကြီးကို အတူတူလုပ်ဆောင်သွားကြမှာပါ။ အချင်းချင်း ပေါ့ပေါ့ပါးပါးရှိတဲ့ ဆက်ဆံရေးကိုပါ မြင်‌တွေ့ရမဲ့အပြင် ထိုင်းနဲ့ ဂျပန်ရဲ့ အစားအသောက်မျိုးစုံကိုပါ သိရှိခွင့်ရမဲ့ ရှိုးလေးဖြစ်ကြောင်း ညွှန်းပေးလိုက်ပါတယ်နော်။ Aired: Jan 8, 2026 - ? Aired On: Thursday Genres: Food, Travel, Reality Show Episodes: 10 Original Network: tvN

အပိုင်းများ

9 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း