ဇာတ်ကား / 2015The InternThe Intern (2015) IMDb - 7.1/10
ပုံမှန် အားဖြင့် ကျွန်တော်က ရုပ်ရှင် ကြည့်ရင် drama, comedy တွေ ကြည့်လေ့ မရှိဘူး။(ပျင်းတာကိုး။ :P )
ဒါပေမယ့် ဒီနှစ်ပိုင်း ထဲ မှာ drama တွေ ဘက်ကို စိတ်ရောက်တယ်။
အချစ်ကား တွေ ထက် လူတွေရဲ့ ကြိုးစား အားထုတ်မှု တွေ ကို ထုတ်ပြတဲ့ ဇာတ်လမ်းတွေကို သဘောကျနေတော့တာကိုး။
ဒီ The Intern ဆိုတဲ့ ဇာတ်လမ်း လေးကို ကြည့်မိတာကလဲ အဲဒီလို က စ တာပဲ။
သူ့ ဇာတ်လမ်း အကျဉ်း က တော့.....
Ben Whitaker ဆိုတဲ့ အသက် ၇၀ အရွယ် မုဆိုးဖို တစ်ဦးဟာ သူ့ ကျန်တဲ့ ဘဝ မှာ ဘာလုပ်ရမှန်း မသိဘဲ ယောင်ချာချာ ဖြစ်နေတုန်း...About The Fit ဆိုတဲ့ online shopping company ကနေ လုပ်တဲ့ senior intern program မှာ သွားပြီး အလုပ်လျှောက်ခဲ့တယ်။
အဲဒီမှာ အရမ်း ကြိုးစား အရမ်း အလုပ်ပေါ်မှာ စေတနာ ထားပြီး မိသားစု နဲ့ အလှမ်းကွာလို့ အလုပ်မှ အလုပ် ဖြစ်နေတဲ့ သူဌေးမ Jules Austin နဲ့ တွေ့မိကြပြီး အလုပ် တူတူ တွဲလုပ် အကူအညီ ပေးကြလေသတည်းပေါ့လေ။
ဒီ ဇာတ်လမ်း ကို genre ခွဲတော့ comedy ထဲ ထည့်ထားတယ်။
ဒါပေမယ့် ကြည့်ပြီးသွားတော့ မရယ်မိတဲ့ အပြင် ခေါင်းထဲ တွေးစရာတွေ တစ်ပုံကြီး ဝင်လာတယ်ရယ်။
မုဆိုးဖို Ben ဟာ အသက် ၇၀ ရှိပြီ။
သူ အရင် က တယ်လီဖုန်း လမ်းညွှန် စာအုပ်တွေ ထုတ်တဲ့ ဆီမှာ အနှစ် ၄၀ လောက် အလုပ် လုပ် ခဲ့တယ်။
အငြိမ်းစား ယူတော့ သူ့ရာထူး က Vice President။
သူ အနားယူပြီးတော့ သူ့မှာ ဘာမှ ပူပင်စရာ မရှိဘူး။
ငွေကြေး အရလည်း ပြည့်စုံတယ်။
သူ့သား မိသားစု က လည်း သူ့ကို လိုလားတယ်။
ကျန်းမာရေးလည်း ကောင်းတယ်။
သူငယ်ချင်း တွေလည်း ရှိတယ်။
သူ့ကိုကြိုက်နေတဲ့ အဖွားကြီး တောင် ရှိလိုက်သေး။
ဒါပေမယ့် သူ့စိတ်ထဲမှာ တစ်ခုခု လိုနေသလိုပဲ။
ဘာမှ လုပ်စရာ မရှိဘူး ဖြစ်နေတာ။
အဲဒီ အချိန်မှာ ဒီ senior internship program ကို သူ သွားတွေ့တယ်။
သူ အလုပ်လျှောက်လိုက်တယ်။
ဘာလို့လဲ ဆိုတော့ ဘာမှ မလုပ်ဘဲ နေနေရတဲ့ ဘဝကြီးကို သူ ငြီးငွေ့ လို့။
အလုပ်ပြန်လုပ်ရတော့မယ် ဆိုတော့ သူ ပျော်သွားတယ်။
စဉ်းစားမိတာကတော့ ဒီ senior internship လို အစီအစဉ်လေးတွေ များများ ရှိရင် ကောင်းမယ်လို့။
သိပ်ပြီး မပင်ပန်း တဲ့ အလုပ်မျိုးပေါ့။
Physical ထက် intellectual အလုပ်မျိုး တွေ။
ဒီ ပင်စင်စားကြီးတွေမှာ အနှစ် ၃၀ ၄၀ လောက် ရှိတဲ့ အတွေ့အကြုံတွေ ရှိနေတယ်လေ။
လုပ်ငန်း အတွေ့အကြုံ ကို ပြောတာ မဟုတ်ဘူးနော်။ ဘဝ အတွေ့အကြုံ တွေ။
ဘယ်လို ကိစ္စ ကို ဘယ်လို ဖြေရှင်းရမယ်။ ဘယ်လို ပြဿနာ ကို ဘယ်လို ကိုင်တွယ် ရမယ် ဆိုတာမျိုးက သူတို့တွေမှာ အထွေအထူး စဉ်းစားနေစရာ မလိုတော့ဘူး။
ပင်စင်စား တွေ ဘက်က ကြည့်တော့လည်း
ကိုယ် အနှစ် ၃၀ ၊ ၄၀ လောက် အလုပ် လုပ် လာပြီးမှ နောက်နေ့ ရုံး ကို လာစရာ မလိုတော့ဘူး ဆိုရင် ဘယ်လို နေမလဲ။
ကိုယ်တွေ ဆီမှာကတော့ စိတ်ပုတီး နဲ့ ရိပ်ကြီး ခို ကြတာပဲ။ ဒါကလည်း အမြဲတမ်း လုပ်နိုင်သလား လူတိုင်း လုပ်နိုင်သလား ဆိုတော့ မလွယ်ပေဘူး။
အဲဒီတော့ ဘာဖြစ်သလဲ သားတွေ သမီးတွေ ဆီ သွားနေ။ မြေးထိန်း အိမ်မှုကိစ္စ တွေ ဝိုင်းလုပ်။ အိမ်ဖော်တွေ နဲ့ ရန်ဖြစ်။ အတင်းတုပ်။ ဒါတောင် အဖွားကြီး ဆိုတော့ လုပ်လို့ ကောင်းသေးတယ်။
အဖိုးကြီးတွေ ဆို ဘယ်လို လုပ်ရပါ့။ း)
သူတို့ ဘော်ဒါတွေနဲ့ အာရိုက် လမ်းလျှောက် ဒါပဲ လုပ်ရတော့မှာ။
ဒီလိုကြီး နေသွားရမှာထက် စာရင် အလုပ်လေးတစ်ခုခု ကို ပေါ့ပေါ့ပါးပါးလေး လုပ်ပြီး ကိုယ့် ကို ကိုယ် occupied ဖြစ်နေတာက ပိုကောင်းသလားပဲ။
ကိုယ်နဲ့ ကိုက်ညီ တဲ့ အလုပ် ကိုယ် လုပ်နိုင်တဲ့ အလုပ်မျိုးလဲ ဖြစ်ရမပေါ့။ (များသောအားဖြင့် intern program ဆိုတာတွေကတော့ လိုအပ်ချက် တွေ သိပ်မရှိပါဘူး)
Jules ဘက်ကနေ တော့ သိပ်ပြီး ပြောစရာ မရှိပါဘူး
အမျိုးသမီး စွမ်းဆောင်ရှင် ဆိုပါတော့။
အလုပ်အရမ်း လုပ်ပြီး မိသားစု ကို အချိန်သိပ်မပေးနိုင်တဲ့ ဇာတ်ကောင် တစ်ကောင်ပေါ့လေ။
ဒါပေမယ့် သူ့ရဲ့ အလုပ်ပေါ်မှာ စေတနာ ထားတာတွေကိုတော့ လေးစားမိပါတယ်။
ဒီဇာတ်လမ်းထဲက အထူးးခြားဆုံးလို့ ယူဆမိတဲ့ ဇာတ်ကောင် ကို ပြောပါဆိုရင်တော့
Jules ရဲ့ အမျိုးသား Matt ကို ပြောရမှာပဲ။
သူက stay-at-home dad။ ဘာအလုပ်မှ မလုပ်ဘူး အိမ်မှာပဲ အိမ်မှုကိစ္စလုပ် ကလေးထိန်း လုပ်တယ်။
ကိုယ်စွမ်းကိုယ်စ မရှိလို့ မဟုတ်ဘူးနော်။
သူ့ မိန်းမရဲ့ အလုပ်ကို support လုပ်တဲ့ အနေနဲ့ သူက လက်ရှိ အလုပ်ကနေ ထွက်ပြီး အိမ်မှာပဲ နေနေပေးတာ။
ဆိုတော့…
ဇာတ်ပေါင်းသော် ဒီကား ကို အချိန်ရမယ် ဆိုရင် ကြည့်ကြည့်ကြပါလို့။
ဟဲဗီး ဒရာမာ လည်း မဟုတ်
ငိုစရာတွေ ရယ်စရာတွေလည်း အရမ်းကြီး မပါ။
ဒါပေမယ့် ကြည့်ပြီးရင်တော့ တွေးစရာတွေ အများကြီး ရသွားမှာပါ။
IMDb rating ကတော့ (7.1/10) တောင် ရထားတာ။
(ရုပ်ရှင်အညွှန်းကို mandalaygazette.com မှဂျက်စပဲရိုး ရေးသားထားသောအညွှန်းကို ကူးယူဖော်ပြပါသည်။)
File size…2.11GB / 931MB
Quality… BluRay 1080p/ 720p
Format…mp4
Duration….2h 00m
Genre ….. Life, Workplace, Comedy, Drama
Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်