Nippon Sangoku (2026) IMDB - 8.3/10, MyAnimeList - 8.4/10 အခုလက်ရှိ Spring Season မှာထုတ်လွှင့်ပြီး လုံးဝ Rating အမိုက်စားတွေနဲ့ ပေါက်ရောက်နေတဲ့ Anime လေးကို တင်ဆက်ပေးလိုက်ပါပြီဗျာ။ နာမည်ကြီးနေတယ်ဆိုလို့ ကြည့်မိလိုက်တာ တကယ်လည်း တော်တော်ကို မိုက်တာပါ။ စပြောရမယ်ဆိုရင် ဇာတ်အိမ်တည်ထားတဲ့ခေတ်ကိုက အဆန်း။ ပုံမှန်ကမ္ဘာ ပုံမှန်ဂျပန်ပြည်က ၂၀ ရာစုဝန်းကျင်လောက်မှာ နူကလီးယားစစ်ပွဲတွေ သဘာဝဘေးအန္တရာယ်တွေကြောင့် နည်းပညာတွေ ဘာတွေ အကုန်ဆုတ်ယုတ်ကုန်ပြီးတော့ သူတို့ရဲ့ Meiji ခေတ် (1868-1912) လောက် စတိုင်မျိုး ရှေးနည်းပညာတွေနဲ့ လူသားတွေ ရှင်သန်နေထိုင်ကြတဲ့ စိတ်ကူးယဉ်အနာဂတ်ကာလတစ်ခု။ ဒီကာလကို Sangoku ကာလလို့ခေါ်ပြီး ဂျပန်ပြည်က Yamato, Buo နဲ့ Seii ဆိုပြီး နိုင်ငံ ၃ နိုင်ငံအနေနဲ့ ကွဲပြားအာဏာလုနေကြတဲ့ စစ်မီးတောက်ခေတ်ကြီးပေါ့။ ဇာတ်အိမ်ကလည်း ဆန်းတဲ့အပြင် Animation ကလည်း သာမန် Anime တွေနဲ့ ကွဲထွက်ထူးခြားနေတာမျိုး သတိထားမိလိမ့်မယ် ကြည့်ရတာ မျက်စိပဒေသဖြစ်ရတယ်။ နောက်ပြီး ကျွန်တော်အကြိုက်ဆုံးအချက်ကို ပြောရမယ်ဆို ဒီကားက တခြား Anime တွေလိုမျိုး MC က ပါဝါတွေ ဘာတွေနဲ့ တိုက်ခိုက်ကြမ်းတမ်းနေတဲ့ကောင်မျိုးမဟုတ်ပဲ သူ့ရဲ့စကားပြောစွမ်းရည်တွေတို့ စာဖတ်အားကောင်းပြီး ဗျူဟာကျကျ တွေးခေါ်ဉာဏ်ကစားတွေတို့ကို အထာကျကျ ကြည့်နေရလို့ပဲ ဖြစ်ပါတယ်။ ကဲ အစပျိုးနေတာများသွားပြီ.. ဇာတ်လမ်းက အပေါ်ကပြောထားသလို Sangoku ခေတ်မှာပေါ့။ အဲဒီ နိုင်ငံ ၃ ခုထဲက Yamato နိုင်ငံရဲ့ နယ်မြို့လေးလိုနေရာမှာ အရင်ဂျပန်ခေတ်နဲ့ ရှေးခေတ် စာပေကျမ်းဂန်တွေကို အရမ်းဖတ်ရှုလေ့လာပြီး ဗဟုသုတပြည့်စုံတဲ့ စိုက်ပျိုးရေးအရာရှိဖြစ်တဲ့ Aoteru ဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်။ သူ့ရဲ့အသစ်စက်စက် ဇနီးလောင်းလေးကတော့ စိတ်တိုလွယ်ပြီး မဟုတ်မခံစိတ်မျိုးပေါ့။ ဒီမှာတင် သူတို့နယ်မြို့လေးကို Yamato ဧကရာဇ်ရဲ့ ပြည်ထဲရေးဝန်ကြီးရောက်လာပြီး သူတို့ရဲ့အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုတွေကို မြင်ရတဲ့အခါမှာ မဟုတ်မခံဉာဉ်လေးရှိတဲ့ Aoteru ရဲ့မိန်းမနဲ့ ထိပ်တိုက်တွေ့ပြီး ပြဿနာတက်လာတဲ့အခါမှာ Aoteru တစ်ယောက်နဲ့ အပြောင်းအလဲကြီး ပြောင်းလဲဖို့ ဖြစ်လာပြီး သူ့မိန်းမကို ကတိပေးထားသလို ဒီလို ကွဲပြားနေတဲ့ ဂျပန်ပြည်ကြီးကို ပြန်လည်ပေါင်းစည်းပေးဖို့ စစ်ဗျူဟာရှင်တစ်ယောက်ဖြစ်လာဖို့ ဘယ်လိုတွေ ကြိုးပမ်းသွားမလဲဆိုတာတော့.....။
ဇာတ်ကားကြည့်ရန်