The Couple Across the Street (2026) IMDb Rating (5.6) နိတ်နဲ့အေမီတို့လင်မယားဟာ သမီးလေး လီလီနဲ့အတူလူနေကျဲပါးတဲ့ နယ်မြို့လေးတစ်မြို့မှာ ဘ၀သစ်စဖို့ပြောင်းလာခဲ့ကြပါတယ်။ အဲ့ဒီမှာ သူတို့ကြုံရတာကတော့ ဘယ်သူနဲ့မှမပေါင်းပဲ သီးခြားနေလေ့ရှိတဲ့ သက်ကြီးပိုင်းလင်မယားတစ်တွဲပါပဲ။ အိမ်သစ်တက်ပါတီမှာ ပတ်ဝန်းကျင်ကကြားရတဲ့ သတင်းစကားတွေအရ သူတို့လင်မယားနှစ်ယောက်ဟာ ကမ္ဘာပျက်ကိန်းကိုယုံကြည်ပြီး အဲ့ဒီနေ့အတွက် ကြိုတင်ပြင်ဆင်နေသလိုသူတို့အိမ်ဝန်းကျင်မှာလည်း ထောင်ချောက်တွေအထပ်ထပ်ဆင်ထားတာကိုသိလိုက်ရပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီလင်မယားဟာ သူတို့မိသားစုအပေါ်တော့ အထူးတလည်ဖော်ရွေရုံမက လိုအပ်တာထက်ပိုပြီး ရောနှောလွန်းတာကို မသင်္ကာဖြစ်တဲ့ အေမီက ခပ်ခွာခွာနေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ တစ်နေ့တော့ သူတို့အိမ်ထဲကို လူတစ်ယောက်ကျူးကျော်ဝင်ရောက်မှုဖြစ်ပြီး လူသတ်သမားတစ်ယောက်ထောင်ကလွတ်သွားတဲ့သတင်းကလည်း ပေါ်နေတဲ့အတွက် အဲ့ဒီလင်မယားရဲ့အိမ်အောက်မြေအောက်လျှို့ဝှက်စခန်းတစ်ခုမှာ မိသားစုလိုက် သွားခိုလှုံရချိန်မှာတော့ သူအစကမသင်္ကာထားတဲ့ အတိုင်း အဲ့ဒီလင်မယားရဲ့ထူးဆန်းတဲ့အပြုအမူတွေ လျှို့ဝှက်ချက်တွေကို ပိုသိရဖို့ဖြစ်လာပါတော့တယ်။ သူတို့အတွက် အန္တရာယ်ကအပြင်လောကမှာလား? သူတို့နဲ့အနီးဆုံးနေရာမှာလား? လှည့်ကွက်တွေအထပ်ထပ်နဲ့ရှုစားရမယ့် Thriller ကားကောင်းတစ်ကားပါ။ File size… (1.4 GB) / (790 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Thriller,TV Movie Duration…. 01:26:38 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်