ဒီတစ်ခေါက် ဇာတ်ကားလေးကတော့ Golden Kamuy မန်ဂါစီးရီးမှ ပြန်လည်ရိုက်ကူးထားတဲ့ Live Action ဂျပန်ဇာတ်ကားကောင်းလေးဖြစ်တဲ့ အက်ရှင် စွန့်စားခန်းနဲ့ သမိုင်းနောက်ခံကို ပေါင်းစပ်ရိုက်ကူးထားတဲ့ ထောင်ဖောက် ဇာတ်ကားကြီးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အိုင်နုလူမျိုးတွေရဲ့ ဘိုးဘွားပိုင် ရွှေတွေကို ဝှက်ထားတဲ့နေရာအမှတ်အသားကို အာဘာရှီရီအကျဥ်းထောင်ထဲက အကျဥ်းသားတွေရဲ့ ကိုယ်မှာ တက်တူးထိုးပေးထားပါတယ်။ ဒီတော့ ဒီရွှေတွေရဲ့ တည်နေရာ အချက်အလက်ကို လိုက်လံစုဆောင်းတဲ့ ဆူဂီမိုတိုနဲ့ အာရှိရ်ပါတို့က ဟော့ကိုင်းဒိုးမှာရှိတဲ့ လုံခြုံရေး အဆင့်မြင့်တဲ့ အာဘာရှီရီ အကျဥ်းထောင်ကို ရောက်လာကြပါတယ်။ အဲဒီထောင်ထဲမှာ အာရှိရ်ပါ့ရဲ့အဖေလို့ ထင်ရတဲ့ ရွှေတွေအကြောင်း သိနေတဲ့ အကျဉ်းသားတစ်ယောက် ရှိပါတယ် ဒီတော့ ဒီအကျဉ်းသားကို အဖွဲ့အသီးသီးက သူ့ထက်ငါ အရင်ရဖို့ လက်ဦးမှု ယူကြပါတော့တယ်။ မိဘနဲ့ သားသမီးကြားက ချစ်ခြင်းမေတ္တာ တာဝန်သိစိတ်နဲ့ စစ်ပွဲရဲ့ ရက်စက်မှုတွေကို ပုံဖော်ရိုက်ကူးထားပါတယ် သစ္စာဖောက်မှု တိုက်ပွဲတွေနဲ့ ထောင်ဖောက်ပြေးဖို့ ကြိုးစားမှုတွေကြား နောက်ဆုံး ဘယ်သူက အနိုင်ရသွားမှာလဲ.... တိုက်ပွဲတွေက အားကောင်းလှသလို ဇာတ်ကောင်းတိုင်းကလည်း အရေးပါပြီး သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ လှည့်ကွက်တွေက စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ Mangaကို ကြိုက်တဲ့သူတွေအတွက်ရော Action Adventure ကြိုက်သူတွေအတွက်ပါ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ကြည့်ရှုသူတွေကို စိတ်လှုပ်ရှားမှုအပြည့်ပေးမယ့် အက်ရှင် ဒရာမာနဲ့ စွန့်စားခန်း အပြည့်ပါတဲ့ ဇာတ်အိမ်ခိုင်မာတဲ့ ရုပ်ရှင် ဇာတ်ကားကောင်း တစ်ကားဖြစ်တာမို့ အခုပဲ ကြည့်ရှုလိုက်ပါနော်.....
ဇာတ်ကားကြည့်ရန်