Cold Blooded Intern (2023) အရောင်းတာဝန်ခံအနေနဲ့ အလုပ်လုပ်ခဲ့တဲ့ ဂိုဟယ်ရာ ဟာ ကလေးတစ်ယောက်ရပြီးတဲ့နောက်မှာ အလုပ်က ထွက်ခဲ့ရပါတယ်။ သူ့ကလေးကို ပင်ပင်ပန်းပန်းနဲ့ ၇ နှစ်ကြာ ပြုစုပြီးချိန်မှာတော့ သူ့အလုပ်ကို ပြန်ပြီး လုပ်ချင်စိတ် ဖြစ်လာပါတော့တယ်။ ဒါပေမဲ့လည်း အလုပ်တစ်ခု ရဖို့ကို ကျားကုတ်ကျားခဲ ကြိုးစားရပါတယ်။ ရမယ့်ရပြန်တော့လည်း မားကက်ဟောက်စ် ဆိုတဲ့ ကုမ္ပဏီမှာ အလုပ်သင်ဝန်ထမ်းအနေနဲ့ ရခဲ့ပါတယ်။ အဲဒီမှာ ဒါရိုကတာ ချွဲဂျီဝန်း နဲ့ ဆုံတွေ့ပါတော့တယ်။ ချွဲဂျီဝန်း နဲ့ ဂိုဟယ်ရာက အရင် ကုမ္ပဏီတစ်ခုမှာ အလုပ်အတူတူ လုပ်ခဲ့ပဖူးပါတယ်။ ချွဲဂျီဝန်း က ဂိုဟယ်ရာ ကို ရည်ရွယ်ချက်ရှိရှိနဲ့ အလုပ်ခန့်ပြီးနောက်မှာတော့ နည်းအမျိုးမျိုးနဲ့ ပညာပြပါတော့တယ်။ သူတို့နှစ်ယောက်ကြားက ပဋိပက္ခတွေက ဘာကြောင့် ဖြစ်ခဲ့ကြတာလဲ ခုချိန်မှာရော ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ အပတ်စဉ် သောကြာနေ့တိုင်း ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ ဘာသာပြန်တွေကတော့ Joyz, Thant Sin, Kppks, Phu Phu တို့ပဲ ဖြစ်ပါတယ် Genre..... Drama, Family, Comedy Quality…. 1080p | 720p File size… 500MB | 300MB Format… mp4 Duration….30min Subtitle…. Myanmar Subtitle (Hardsub) Translator .....Joyz, Thant Sin, Kppks, Phu Phu Encoder ..... Aaron
ဇာတ်ကားကြည့်ရန်