The Madison (2026) Season 01 (စ/ဆုံး) ဒီဇာတ်လမ်းတွဲက Yellowstone နဲ့ Tulsa King တို့လို နာမည်ကြီး ဇာတ်လမ်းတွဲတွေ ဖန်တီးခဲ့တဲ့ Taylor Sheridan ရဲ့ မကြာသေးခင်ကမှ အသစ်ထွက်ထားတဲ့ လက်ရာလေးပါ။ နာမည်ကြီး ဝါရင့်မင်းသမီးကြီး Michelle Pfeiffer၊ မင်းသားကြီး Kurt Russell၊ Suits ဇာတ်လမ်းတွဲထဲက မင်းသား Patrick J. Adams နဲ့ Matthew Fox တို့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက နယူးယောက်မြို့ကြီးမှာ အခြေကျနေတဲ့ Stacy Clyburn (Michelle Pfeiffer) တို့ မိသားစုအကြောင်းပါ။ သူတို့လင်မယားက ဆယ်ကျော်သက်အရွယ်ကတည်းက ပေါင်းသင်းလာပြီး အရမ်းချစ်ကြတဲ့စုံတွဲပေါ့။ ခင်ပွန်းဖြစ်သူ Preston (Kurt Russell) က သဘာဝတရားကို မြတ်နိုးလို့ မွန်တားနားပြည်နယ်က Madison မြစ်ဝှမ်းဒေသမှာ အိမ်ဝယ်ပြီး အမြဲသွားနေတတ်တယ်။ ဒါပေမဲ့ Stacy ရော၊ သူ့သမီးတွေရောက မြို့ကြီးပြကြီးရဲ့ အငွေ့အသက်ကိုပဲ မက်မောကြတော့ တောထဲတောင်ထဲကို တစ်ခါမှ မလိုက်သွားကြဘူး။ ဒါပေမဲ့ မမျှော်လင့်ထားတဲ့ ကပ်ဆိုးကြီးတစ်ခု ဝင်လာတဲ့အခါ (ပထမပိုင်းမှာတင် ခင်ပွန်းဖြစ်သူ Preston လေယာဉ်ပျက်ကျပြီး ဆုံးသွားတာပါ)၊ Stacy ရော၊ သူ့ရဲ့သမီးတွေ၊ မြေးတွေပါ မွန်တားနားကို ရောက်သွားကြရတယ်။ အဲဒီမှာ နယူးယောက်က ဟန်ကြီးပန်ကြီး မြို့သူတွေနဲ့ တောတောင်သဘာဝကြား အံမဝင်ခွင်မကျ ဖြစ်ကြရတာတွေကို မြင်ရမယ်။ ကိုယ်အရမ်းချစ်ရတဲ့သူကို ဆုံးရှုံးလိုက်ရတဲ့ နာကျင်ကြေကွဲဒဏ်ကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ကြမလဲ ဆိုတာကို ဇာတ်ကောင်တွေရဲ့ စိတ်ခံစားချက် အပြောင်းအလဲတွေနဲ့အတူ သဘာဝကျကျ ရိုက်ပြထားပါတယ်။ ဒီကားက အက်ရှင်အကြမ်းစားကြီး မဟုတ်ဘဲ အေးအေးဆေးဆေး မိသားစု ဒရာမာကြိုက်တဲ့သူတွေ သဘောကျမယ့် ကားမျိုးပါ။ Michelle Pfeiffer ရဲ့ သရုပ်ဆောင်ချက်တွေက တကယ်ကို အသက်ဝင်လှသလို၊ မွန်တားနားပြည်နယ်ရဲ့ သဘာဝအလှအပ ရှုခင်းတွေကလည်း တကယ့်ကို မျက်စိပသာဒဖြစ်စရာပါ။ မြို့ပြရဲ့ မွန်းကျပ်မှုတွေကနေ ခဏလွတ်ကင်းပြီး သဘာဝတောင်တန်းတွေကြားမှာ စိတ်အပန်းဖြေချင်တယ်၊ ဝါရင့်သရုပ်ဆောင်တွေရဲ့ အကြိတ်အနယ် သရုပ်ဆောင်ချက်တွေကို ကြည့်ချင်တယ်ဆိုရင်တော့ အခုမှ အသစ်ထွက်ထားတဲ့ ဒီ The Madison ကို ကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦး။ File size… (3.5 GB) / (1.2 GB) / (640 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Drama Duration…. 1hr Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်