The Otherkind (2026) IMDb Rating (5.3) ဆိတ်ငြိမ်တဲ့ ရေကန်ဘေးမြို့ငယ်လေးကိုအခြေခံထားပါတယ်။ မြို့ရဲ့ရေပေးဝေမှုစနစ်တွေထဲမှာ ကပ်ပါးပိုးကောင်တွေပါဝင်နေပြီး အဲ့ဒီရေကို သတိနဲ့သောက်သုံးထိတွေ့ဖို့ အမျိုးသားရေအရင်းအမြစ်ဌာနက ဆက်တိုက်သတိပေးချက်ထုတ်ပြန်ကြေငြာနေသလို မသိလိုက်ပဲ အထိအတွေ့ရှိခဲ့မိသူတွေကလည်း သူတို့ရဲ့ခန္ဓာကိုယ်မှာ ထူးခြားတဲ့အပြောင်းအလဲတွေအမြင်အာရုံတွေကို တွေ့ကြုံခံစားနေကြရပါတယ်။ အဲ့ဒီလိုပဲ ရေကန်အောက်ကနေ တစ်စုံတစ်ရာက သက်ဝင်လှုပ်ရှားလာနေပြီးရေပေါ်ကိုတစ်ဖြည်းဖြည်းပေါ်ထွက်လာတဲ့အခါ မြို့ခံလူထုကြုံတွေ့ခံစားနေရတဲ့ အခြေအနေတွေ ပိုမိုဆိုးရွားလာချိန်မှာတော့..။ ‘The Otherkind’ ဟာ ရုပ်ရှင်ပွဲတော်ပေါင်းများစွာမှာ ဆုတွေဆွတ်ခူးခဲ့ပြီး Chicago Film Frenzy မှာ Best Horror/Thriller ဆု၊ Sin City Horror Fest မှာ Blood, Sweat & Fears Award ဆုနဲ့ LA International Art Film Fest မှာ Best Indie Film ဆုတွေ ရရှိခဲ့ပါတယ်။ အိုင်ယာလန် ရိုးရာ ရေသူမဒဏ္ဍာရီကို ခေတ်သစ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အလှည့်အပြောင်းနဲ့ ပေါင်းစပ်ထားပြီး သွေးထွက်သံယိုတွေထက် နောက်ခံတေးဂီတ၊ ဇာတ်ကောင်တွေရဲ့ခံစားချက်တွေကိုဦးစားပေးတင်ဆက်ထားတဲ့ Indie Horror ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (640 MB) / (420 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:13:20 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်