Stitch Head (2025) ++++++++++ Stitch Head ဆိုတဲ့ဇာတ်ကားလေးကတော့ အဂ်လန်ကစာရေးဆရာ Guy Bass ရဲ့နာမည်ကြီးဝတ္တုစီးရီး Stitch Headထဲက အဓိကဇာတ်ဆောင်ဖြစ်တဲ့ Stitch Head(ချုပ်ရာခေါင်းလေး)ကို အခြေခံရိုက်ကူးထားပြီး ကိုယ့်ဖြစ်တည်မှုကိုလက်ခံခြင်း၊ မေတ္တာရဲ့စွမ်းအား၊ ကျော်ကြားမှုရဲ့အန္တရာယ်ကိုဖော်ကျူးထားတဲ့ ၂၀၂၅မှထွက်ရှိ ထားတဲ့ animation ဇာတ်ကားကောင်းလေးလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း ++++++++++ မိစ္ဆာတွေရှိတယ်ဆိုပြီး လူတွေကြောက်ရွံ့နေကြတဲ့ဂရော့တက်စ်ကျူရဲတိုက်မှာ ဖန်တီးရှင် ပါမောက္ခမှပထမဆုံးဖန်တီးထားတဲ့ ချုပ်ရာခေါင်းလေး ဟာပါမောက္ခက ဖန်တီးမွေးထုတ်နေတယ့် မိစ္ဆာအသစ်တွေကို စောင့်ရှောက်ရင်း အထီးကျန်စွာနေနေရပါတယ်။ ပါမောက္ခဟာ ကြောက်စရာအကောင်းဆုံး မိစ္ဆာကိုဖန်တီးဖို့ပဲ ခေါင်းထဲရှိနေတာကြောင့် ချုပ်ရာခေါင်းလေး ဟာသူ့ဆီက အသိအမှတ်ပြုမှုကိုတောင့်တမိနေပါတော့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဖူးလ်ဘတ် ဖရိလ်ဖိုင်ဒါ ဆိုတဲ့ ဆပ်ကပ်ပိုင်ရှင်ဟာ ရဲတိုက်ကိုရောက်ရှိလာပြီး ချုပ်ရာခေါင်းလေးကို ချစ်ခြင်းမေတ္တာတွေ၊ အသိမှတ်ပြုမှုတွေ၊ ကျော်ကြားမှုတွေ ရရှိရမယ်ဆိုပြီး ခေါ်သွားပါတော့တယ်။ မြို့ကိုရောက်ရှိပြီးနောက် ချုပ်ရာခေါင်းလေးဟာ ချစ်ခြင်းမေတ္တာတွေ၊ အသိမှတ်ပြုမှုတွေ၊ ကျော်ကြားမှုတွေ ရရှိနေတဲ့အချိန်မှာ သူ့အချစ်ဆုံးသူငယ်ချင်း သတ္တဝါဆိုတဲ့ မိစ္ဆာလေးဟာ ချုပ်ရာခေါင်းလေးကို လူသားတွေလက်ထဲကလာကယ်ပေမယ့် ချုပ်ရာခေါင်းလေးက ပြန်သွားငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် အာရဘယ်လာဆိုတဲ့ လူသားမလေးကြောင့် သူဟာ စိတ်တွေဘယ်လိုပြန်ပြောင်းလဲလာတဲ့ အချိန်မှာ ဖူးလ်ဘတ် ဖရိလ်ဖိုင်ဒါရဲ့ ယုတ်မာပုံတွေ ဘယ်လိုပေါ်ထွက်လာပြီး ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကတော့ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါ။ File Size… (1.77GB) / (961MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 32m Genre … Animation , Comedy , Family , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်