Operation: Aunties (2025) ++++++++++ တစ်ခေတ်တစ်ခါက မင်းသမီးကြီးတွေဖြစ်တဲ့ Tisha Campbell နဲ့ Melissa De Sousa တို့ အမိုက်စားပါဝင်ထားတဲ့ "Operation: Aunties" ဆိုတဲ့ Action Comedy ဇာတ်ကားသစ်လေးနဲ့ တင်ဆက်ပေးချင်ပါတယ်။ ဒီကားထဲမှာတော့ အသက်အရွယ်ရနေပြီဖြစ်ပေမယ့် ခေတ်မီပြီး စမတ်ကျလွန်းတဲ့ အန်တီတစ်စုက သူတို့ရဲ့ တူမလေးတစ်ယောက် လူကုန်ကူးကွန်ရက်ထဲ ရောက်မယ့်အရေးကနေ ကယ်တင်ဖို့အတွက် Dark Web က လူဆိုးဂိုဏ်းကြီးကို ပြန်လည်စိန်ခေါ် နှိမ်နင်းသွားမှာပါ။ ရိုးရိုးရှင်းရှင်း စုံထောက်တာမျိုးမဟုတ်ဘဲ Blockchain နည်းပညာတွေ၊ Cyber High-tech အိုင်ဒီယာတွေ သုံးပြီး လူဆိုးတွေကို ပညာပြတာမို့ ကြည့်ရင်းနဲ့ တော်တော်လေး အားရကျေနပ်မိမှာ အသေအချာပါပဲ။ အထူးသဖြင့် ဥပဒေနဲ့ ရဲတွေကိုပဲ ထိုင်စောင့်မနေတော့ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အုပ်စုလိုက် စည်းလုံးညီညွတ်စွာ တိုက်ခိုက်ပြသွားတဲ့ အန်တီတွေရဲ့ Girl Power ကို အလန်းစား မြင်တွေ့ရမှာဖြစ်ပါတယ်။ ဟာသလေးတွေလည်းနှော၊ တက်ကြွလှုပ်ရှားတဲ့ အက်ရှင်စွန့်စားခန်းတွေလည်း ပါဝင်တာမို့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်လှုပ်ရှားစရာ ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ File Size… (1.35GB) / (751MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 20m Genre ….Action, Comedy , Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်