Monster Island (2024) IMDb Rating (5.1) / Rotten Tomatoes (54%) ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်တပ်ဖွဲ့တွေဟာ မဟာမိတ်စစ်အကျဉ်းသားတွေကို ရဲဘက်လုပ်သားအဖြစ်ခိုင်းစေဖို့အမိမြေကိုပြန်ပို့လေ့ရှိကြပါတယ်။ အဲ့ဒီလိုသယ်ယူပို့ဆောင်ရာမှာသုံးတဲ့သင်္ဘောတွေဟာ ငရဲသင်္ဘောတွေအဖြစ်နာမည်ဆိုးနဲ့ကျော်ကြားပြီး မဟာမိတ်တပ်ဖွဲ့တွေရဲ့မှားယွင်းတိုက်ခိုက်မှုကိုမကြာခဏခံရလေ့ရှိတဲ့အတွက် ဒီခရီးစဉ်တွေမှာ ဂျပန်စစ်သားနဲ့မဟာမိတ်စစ်သား ၃၀၀၀၀ ကျော်ပျောက်ဆုံးခဲ့ရပါတယ်။ ဆိုင်တိုနဲ့ဘရွန်ဆင်ကတော့ ဒီသင်္ဘောခရီးစဉ်တစ်ခုပေါ်က စစ်သုံ့ပန်းနှစ်ယောက်ပါ။ ဆိုင်တိုကတော့ ဂျပန်စစ်သားဖြစ်ပေမယ့်သစ္စာဖောက်မှုနဲ့စွပ်စွဲခံထားရပြီးဗြိတိန်စစ်သားဖြစ်သူဘရွန်ဆင်ကိုတော့ ထွက်ပြေးရန်ကြံစည်မှုနဲ့ နှစ်ယောက်လုံးကို ဂျပန်နိုင်ငံအရောက်မှာစံပြအဖြစ်ကွပ်မျက်မှာဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ကိုသံကြိုးနဲ့တွဲချည်ခတ်ထားခဲ့ပါတယ်။ ကံကောင်းချင်တော့ အဲ့ဒီအချိန်မှာပဲ ရန်သူလေယာဉ်တွေရဲ့ဗုံးကြဲတိုက်ခိုက်မှုကိုခံခဲ့ရပြီး သူတို့နှစ်ယောက်လုံးဟာ ပစိဖိတ်သမုဒ္ဒရာထဲက လူသူမနီးတဲ့ကျွန်းတစ်ကျွန်းမှာ သွားပြီးသောင်တင်ခဲ့ပါတယ်။ ကံဆိုးချင်တော့အဲ့ဒီကျွန်းဟာ အဲ့ဒီဒေသဘက်မှာရှိတဲ့ အယူအဆတွေထဲက ဒဏ္ဍာရီလာမွန်းစတားဖြစ်တဲ့ အိုရန်အီကန်အခြေချနေထိုင်ရာဖြစ်နေပြီး မျှော်လင့်မထားနိုင်တဲ့အန္တရာယ်အသွယ်သွယ်ဟာ သူတို့ကိုစောင့်ကြိုနေပါတယ်။ စစ်ပွဲတစ်ပွဲရဲ့ ဘက်နှစ်ဘက်ဆီက မဟာရန်သူတော်နှစ်ယောက်၊ ဒီဘေးဒုက္ခတွ
ဇာတ်ကားကြည့်ရန်