The Thundermans: Undercover (2025) IMDb ( 5.9/10 ) ဒါကတော့ စူပါဟီးရိုး မိသားစု ဟာသစီးရီးလေးပါ။ အပိုင်းတိုင်းမှာ မရီရတဲ့အခန်းမရှိလောက်အောင်ကို ကြည့်လို့ကောင်းပါတယ်။ ဒီစီးရီးလေးမှာ ဟစ်ဒန်းဗေးဆိုတဲ့ မြို့လေးမှာ ပုံမှန်ဘဝကို နေဖို့ကြိုးစားနေတဲ့ စွမ်းအားရှင်မိသားစုရဲ့ အလွဲတွေကို ပျော်ပျော်ကြီးကြည့်ရမှာပါ။ သူတို့က မိသားစုဝင် ၆ယောက်ရှိပြီး တစ်ဦးချင်းစီတိုင်းမှာ စွမ်းအားကိုယ်စီရှိကြပါတယ်။ အဖေ ဟန့်ခ်က အားသန်ပြီး မိုးပေါ်ပျံနိုင်ပါတယ်။ အမေဖြစ်သူ ဘာ့ဘ်ကတော့ လျှပ်စစ်တွေထုတ်နိုင်ပါတယ်။ အကြီးဆုံးအမွှာမောင်နှမဖြစ်တဲ့ မိန်းခလေး ပိုးဘီနဲ့ မက်စ်တို့ကတော့ အမွှာဖြစ်တဲ့အလျောက် တူညီတဲ့စွမ်းအားတွေရှိကြပါတယ်။ သူတို့နှစ်ယောက်လုံးပိုင်ဆိုင်ထားတဲ့စွမ်းအားက ပါးစပ်ကနေ လေပူ၊ လေအေးတွေထုတ်နိုင်ပြီး ပစ္စည်းတွေကိုလည်း စိတ်နဲ့ရွှေ့နိုင်ကြပါတယ်။ စွမ်းအားတွေတူညီကြပေမဲ့ သူတို့နှစ်ယောက်ရဲ့ ရည်မှန်းချက်ချင်းကတော့ မီးနဲ့ရေလို့ပါပဲ။ ဖီဘီက စူပါဟီးရိုးလုပ်ပြီး လူတွေကယ်တင်ချင်ပေမယ့် မက်စ်ကတော့ စူပါဗီလိန်လုပ်ပြီး မွှေချင်တာပါ။ အလတ်ကောင်ဖြစ်တဲ့ ဘစ်လီကတော့ DC က Flash လိုပါပဲ အမြန်ပြေးနိုင်ပါတယ်။ အငယ်ဆုံးမလေးဖြစ်တဲ့ ကလိုဝီကတော့ တစ်နေရာကနေ တစ်နေရာကို တစ်ဟုတ်ချင်းသွားနိုင်တဲ့ တယ်လီပေါ့စွမ်းအားကို ပိုင်ဆိုင်ထားပါတယ်။ ဒီထဲမှာကျွန်တော်သဘောအကျဆုံးဇာတ်ကောင်ကတော့ လူဆိုးဘွဲ့ရဖို့ ကျောင်း
ဇာတ်ကားကြည့်ရန်