
လူကြည့်များသော ရုပ်ရှင်များ
ကြည့်ရှုမှုအများဆုံး ရုပ်ရှင်များကို အစဉ်လိုက် စုထားပါသည်။
26924 ကား
Blu-ray 4K နဲ့ပြန်ကြည့်ချင်သူတွေအတွက်တင်ပေးလိုက်ပါတယ်
ဇာတ်ကားကြည့်ရန်Eternals
2021
Blu-ray 4K နဲ့ ပြန်ကြည့်ချင်သူတွေအတွက်တင်ပေးလိုက်ပါတယ်
ဇာတ်ကားကြည့်ရန်Shang-Chi and the Legend of the Ten Rings
2021
Blu-ray 4K နဲ့ကြည့်ချင်သူတွေအတွက်တင်ပေးလိုက်ပါတယ်။ 4K HDR Version ဖြစ်လို့ Tv ပေါ်မူတည်ပီး အရောင်မှိန်နိုင်ပါတယ်
ဇာတ်ကားကြည့်ရန်Black Widow
2021
အခုတစ်ခေါက်ကတော့ 2024 မှာတွေ့ရှိထားတဲ် သိပ္ပံဆန်ဆန်စိတ်ကူးယဥ် အက်ရှင်ဇာတ်လမ်းအမျိုးစားလေးပါ ကုန်ပစ္စည်းတင်တဲ့အာကာသယာဥ်တစ်စီးဟာ ကြယ်ဝင်ပေါက်ကိုဖြတ်သန်းရင် ကြယ်အာကာသတွင်းနက်ထဲရောက်သွားသောအခါ ယာဥ်ထဲမှာ လူလေးယောက်ပဲအသက်ရှင်ခွင့်ရှိတဲ့အခါ အချင်းချင်းဘယ်လိုသတ်ဖြတ်မလဲ သဘာဝလွန်ကိစ္စတွေအပြင် တခြား မွန်းစတားအကောင်ကြီးပါရှိနေတဲ့အခါ ဘယ်လိုတွေရင်ဆိုင်ကြမလဲ ကမ္ဘာမြေပြင်မှာ စက္ကန့်ပိုင်းလောက်ပဲကြာမဲ့အချိန်က တွင်းနက်ထဲမှာတော့ ၇နှစ်တာကြာရှည်မှာဖြစ်လို့ ဘယ်လိုမျိုးအသက်ရှင်ဖို့ကြိုးစားမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာကြည့်လိုက်ကြရအောင်နော် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Error ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Star Abyss
2024
အခုတစ်ခါမှာတော့ 2015 ကထွက်ခဲ့တဲ့ "Senior " ဆိုတဲ့ ထိုင်းသရဲကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ မတရားအမှုဆင်သေမိန့်ချခံလိုက်ရတဲ့ နစ်နာသူဝိဉာဉ် ခြံစောင့်ကျစ် ရဲ့ အခဲမကြေမှုကို ဖော်ထုတ်ပေးမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ မွန် - မယ်သီလရှင်ကျောင်း(ယခင် ဖနဝတီစံအိမ်)ရဲ့ ခပ်စပ်စပ်ကျောင်းသူတစ်ဦး၊ သူမမှာသရဲဝိဉာည်တွေကို အနံ့ခံနိုင်တဲ့ ထူးခြားတဲ့စွမ်းအားတစ်ခုရှိတယ်။ စီနီယာ - ခြံစောင့်ကျစ်ရဲ့ အမှုအတွက် မွန့်ကို အကူညီတောင်းမယ့် ဝိဉာဉ်တစ်ကောင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လူဖြစ်တဲ့ မွန် နဲ့ ဝိဉာဉ်ဖြစ်တဲ့ စီနီယာ တို့ ၊ သူတို့နှစ်ယောက်က လွန်ခဲ့တဲ့နှစ်၅၀က ဖြစ်ပျက်ခဲ့တဲ့ အရှင်မင်းသမီးသေဆုံးမှု၊ အဲ့အမှုရဲ့တကယ့်တရားခံကိုရှာဖွေကြမယ့် ပုံစံဖြစ်ပါတယ်။ ဝိဉာဉ်ဖြစ်တဲ့ စီနီယာကတော့ လွန်ခဲ့တဲ့နှစ်၃၀က သေဆုံးခဲ့တာဖြစ်ပါတယ်။ ဆိုတော့ မတရားသေမိန့်ချခံရပြီး မကျွတ်မလွတ်ဖြစ်နေတဲ့ ခြံစောင့်ကျစ်ရဲ့ ဝိဉာဉ်ကိုလွတ်မြောက်အောင်လုပ်ပေးနိုင်မလား စီနီယာကရော ခြံစောင့်ကျစ်နဲ့ ဘာပတ်သက်သလဲ၊ သူကရော ဘာကြောင့်သေသွားရသလဲ အမှုရဲ့တရားခံက တကယ်တမ်းက ဘယ်သူလဲ မွန် ကရော သူ့မစ်ရှင်ကို ပြီးဆုံးအောင်လုပ်နိုင်ပါ့မလား 2015,2016 တုန်းက တမ်းတမ်းစွဲကြိုက်ခဲ့ရတဲ့ ဇာတ်ကားတစ်ကားပါ့၊ သရဲကားဆိုပေမယ့် ရိုမန့်တစ်ဆန်တာတွေလည်း ပါတဲ့အပြင် ဇာတ်သိမ်းပိုင်းမှာလည်း တစ်ရှူးဆောင်လိုက်ရပါသေးတယ်။ ယခု တစ်ခါ ဇာတ်လမ်းလေးကို Review ပ
ဇာတ်ကားကြည့်ရန်Senior
2015
ဘက်စကတ်ဘောနည်းပြတစ်ဦးဖြစ်သူ မီနွန်ဟာ သူ့ညီဂျွိုင်းသေဆုံးမှုကြောင့် စိတ်ကျရောဂါကိုခံစားနေခဲ့ရပါတယ် သူ့ညီဂျွိုင်းဟာ ဘက်စကတ်ဘောမှာထူးချွန်သူတစ်ဦးဖြစ်ပြီး အိန္ဒိယနိုင်ငံအသင်းထဲကိုလည်း ဝင်ခဲ့တဲ့သူဖြစ်ပါတယ် တစ်နေ့တော့ ဂျွိုင်းဟာ အက်ဆီးဒင့်ကြောင့်သေဆုံးသွားခဲ့ရပါတယ် မီနွန်ဟာသူ့ညီရိုးရိုးသေဆုံးတာမဟုတ်မှန်း ဝန်ကြီးချူပ်ရဲ့ သားဖြစ်သူတိုမာသတ်လိုက်တာမှန်း သိနေခဲ့ပါတယ် ဂျွိုင်းသေဆုံးမှုကြောင့် မီနွန်တို့အိမ်ထောင်ရေးကလည်း ဆက်လက်ပြီး ပျော်ရွှင်မှုဆိုတာ မရှိတော့ပါဘူး ပါဟာဂန်ရဲ့ လမ်းဘေးအဖွဲ့ဖြစ်တဲ့ မူနာဆိုတဲ့ခေါင်းဆောင်ကောင်လေးက အမှတ်မထင် မူနာ့အသက်ကို နည်းပြမီနွန်က ကယ်တင်ခဲ့ပါတယ် တစ်နေ့တော့ ဝန်ကြီးချူပ်သားတိုမာရဲ့ မွေးနေ့ပွဲမှာ တိုမာဟာ သေနတ်အပစ်ခံရပြီး သေဆုံးသွားခဲ့ပါတယ် လူသတ်သမားဟာ ဘယ်လိုမျိုးစီစဉ်ခဲ့ပြီး တိုမာကိုသတ်ခဲ့သလဲဆိုတာ စိတ်ဝင်စားဖွယ်ရိုက်ပြထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shwe Yee ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Paharganj
2019
ဒီတစ်ခေါက်မှာတော့ (2010) တုန်းက ထွက်ရှိခဲ့တဲ့ **The Last Airbender** ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ လတ်တလောမှာပဲ ဇာတ်လမ်းတွဲအနေနဲ့ပါ ထွက်ရှိလာတာကြောင့် အရင်ကရုပ်ရှင်ကို ပြန်ကြည့်ချင်တဲ့ ပရိသတ်တွေရော လုံးဝ မကြည့်ရသေးတဲ့ပရိသတ်တွေအတွက်ပါ လက်လွှတ်မခံသင့်တဲ့ ရုပ်ရှင်ကားတစ်ကားပါပဲ။ ဇာတ်လမ်းကတော့ ကမ္ဘာကြီးထဲမှာ လေ ရေ မြေ မီး ဆိုတဲ့ တိုင်းပြည် (၄) ခုဟာ နတ်ဝိညာဥ်တွေရဲ့ စောင့်ရှောက် လမ်းပြမှုအောက်မှာ အတူတကွ နေထိုင်ကြပါတယ်။ တကယ်တမ်း နတ်ဝိညာဉ်တွေနဲ့ ဆက်သွယ်နိုင်ဖို့ဆိုတာ လေ ရေ မြေ မီး စွမ်းအား (၄) မျိုးလုံးကို ထိန်းချုပ်နိုင်တဲ့ အဗတ်တာ တစ်ယောက်ကသာ လုပ်နိုင်စွမ်းရှိတာပါ။ တစ်ချိန်မှာတော့ နတ်တွေနဲ့ အတူမနေချင်တဲ့ မီးတိုင်းပြည်က ကျန်တဲ့တိုင်းပြည်တွေကိုပါ ကျူးကျော်လာပါတော့တယ်။ ဒါပေမဲ့ ကမ္ဘာကြီးမှာ အဗတ်တာဟာ အချိန်အတော်ကြာပျောက်ကွယ်နေတဲ့အတွက် မီးတိုင်းပြည်ရဲ့ ကျူးကျော်မှုတွေကို မတားဆီးနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ တစ်နေ့မှာတော့ ရေမျိုးနွယ်က ကတ်တာရာနဲ့ ဆော့ကာ ဆိုတဲ့ မောင်နှမနှစ်ယောက်က ရေခဲတုံးထဲမှာ ပိတ်မိနေတဲ့ **အန်း** ကို တွေ့သွားပြီး ကယ်ထုတ်လိုက်ပါတယ်။ အန်း ဟာ လေမျိုးနွယ်ဝင်တစ်ယောက်ဖြစ်ပြီး ပျောက်ဆုံးနေတဲ့ အဗတ်တာ ဖြစ်နေမှန်း သိသွားတဲ့အခါမှာတော့... မီးတိုင်းပြည်ကရော အဗတ်တာကို မရရအောင် ဘယ်လိုလိုက်ဖမ်းမလဲ။ အန်း ကရော ရေမျိုးနွယ်က မောင်နှမနှစ်ယောက်နဲ့အတူ စွန့်စားပြီး မီးတိုင်းပြည်ရဲ့
ဇာတ်ကားကြည့်ရန်The Last Airbender
2010
မင်းသားကြီး Nicolas Cage ပါဝင်တဲ့ အက်ရှင်ကားဟောင်းတစ်ကားဖြစ်ပါတယ်။ ကြေးစားလုပ်ကြံရေးသမားအဖြစ် သင်ပေးထားတဲ့စည်းမျဉ်းတွေအတိုင်း ခိုင်းတဲ့လူကို ရှင်းပေးတဲ့ သူက ဒီတစ်ခါမှာ နောက်ဆုံးအလုပ်အဖြစ် ဘန်ကောက်က လူဆိုးလေးယောက်ကို သတ်ဖို့ရောက်လာပါတယ်။ ဘန်ကောက်မှာ စနည်းနာရင်း ဒေသခံကောင်လေး ခုံးနဲ့အမှတ်မထင်တွေ့ရတာက သူ့ရဲ့ပစ္စည်းပို့သမားအဖြစ် ငွေပေး ငှားလိုက်ပါတယ်။ ခုံးက သူ့ကိုဆရာတင်ရာကနေ တိုက်ခိုက်ရေးပညာတွေ သင်ပေးပြီးနောက် ပစ်မှတ်တွေ တစ်ယောက်ပြီးတစ်ယောက် ရှင်းပစ်ခဲ့ပါတယ်။ ဒါမဲ့ ဆေးဝယ်ရာကနေ သိခဲ့တဲ့ထိုင်းမလေးကို သံယောစဉ်တွယ်သွားပြီး ဒီလုပ်ရပ်တွေကို စိတ်ကုန်သလိုဖြစ်လာတဲ့အခါ...စည်းမျဉ်းချိုးဖောက်မိပြီး နောက်ဆုံးမစ်ရှင်မှာ ပစ်မှတ်က သူကိုယ်တိုင်ဖြစ်သွားတဲ့အခါ...သူ ဘာကို ရွေးသွားသလဲ...နောက်ဆုံးမစ်ရှင်အောင်မြင်သွားလားဆိုတာ ကြည့်နိုင်ပါပြီ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Bangkok Dangerous
2008
Superman မင်းသား Henry Cavill အပြင် The Rock နဲ့အပြိုင်နာမည်ကြီးမင်းသား John Cena နဲ့မားသားဖားကားကြီး အပြင် အဆိုတော်မချောချောလေး Dua Lipa နဲ့တခြားနာမည်ကြီးမင်းသားမင်းသမီးများစွာပါဝင်သရုပ်ဆောင်ထားတဲ့ကြမ်းကြမ်းလန်းလန်းအက်ရှင်ကားသစ်တစ်ကားကိုတင်ဆက်ပေးလိုက်ပါပြီ။ဇာတ်ကားနာမည်ကတော့ Argylle ဖြစ်ပြီး IMDb Rating 6.0 ရရှိထားပါတယ်။ဇာတ်လမ်းအစမှာတော့အရမ်းနာမည်ကြီးတဲ့အာဂိုင်လ်ဆိုတဲ့စပိုင်၀တ္ထုထဲမှာပါဝင်တဲ့ဇာတ်ကောင်တွေကိုတွေ့မြင်ရမှာဖြစ်ပြီး အဲ့ဒီလိုဝက်ဝက်ကွဲအောင်မြင်တဲ့၀တ္ထုတွေကိုရေးသားသူကတော့အယ်လီဆိုတဲ့စာရေးဆရာမပဲဖြစ်ပါတယ်။အခုလဲငါးအုပ်မြောက်စာအုပ်ရေးဖို့အတွက်စာမူကြမ်းကိုသူ့အမေဆီပို့ပြီးတိုင်ပင်ပြီးတဲ့နောက်မှာနည်းနည်းထပ်ရေးဖို့လိုနေသေးတဲ့အတွက်အမေဖြစ်သူအတူတူစဉ်းစားပြီးရေးဖို့ရထားတစ်စီးနဲ့သူ့အမေဆီထွက်လာပါတော့တယ်။ ဒါပေမယ့်ရထားပေါ်မှာသူ့စာအုပ်ထဲကစိတ်ကူးယဉ်စပိုင်တွေမဟုတ်ပဲတကယ့်စပိုင်တစ်ယောက်နဲ့လာတွေ့ခဲ့ပြီးအဲ့ဒီအချိန်ကစလို့အယ်လီ့ဘ၀ကပြောင်းလဲသွားတော့ပါတယ်။ကြောင်လေးတစ်ကောင်နဲ့အေးအေးဆေးဆေးနေထိုင်တတ်တဲ့စာရေးဆရာမအပျိုကြီးအယ်လီကအဲ့ဒီစပိုင်နဲ့တွေ့ပြီးနောက်မှာကျည်ဆံတွေအန္တရာယ်တွေကြားကပြေးလွှားနေရပြီး အန္တရာယ်အကြီးဆုံးစပိုင်အဖွဲ့အစည်းကြီးတစ်ခုရဲ့လိုက်လံဖမ်းဆီးခြင်းကိုခံရတဲ့အခါမှာတော့ သူ့ကိုလိုက်ဖမ်းနေရတဲ့အကြောင်းအရာတွေရဲ့နောက်ကွယ်မှာဘာတွေရှိနေမလဲ ဘယ်လိုလျှို့ဝှက်ချက်တွေကိုရောအယ်လီတွေ့လာရမလဲဆိုတာကိုအယ်လီနဲ့
ဇာတ်ကားကြည့်ရန်Argylle
2024
မိန်းမဖြစ်သူနဲ့ ကလေးဖြစ်သူသေဆုံးသွားတဲ့အတွက်ကြောင့် တစ်ယောက်တည်းအထီးကျန်ကာ ကိုယ့်ကိုယ်သတ်သေဖို့ ဆုံးဖြတ်ခဲ့တဲ့ရာဗီဟာသတ်သေဖို့ကြိုးစားလည်းပဲ မအောင်မြင်ခဲ့ပါဘူး တစ်နေ့စိတ်ကျန်းမာရေးဆေးရုံကိုသွားပြရင် အမှတ်မထင် အာရီယာဆိုတဲ့ မိန်းကလေးတစ်ယောက်ကိုတွေ့ခဲ့မိပါတယ် သူအိမ်ပြန်လာပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ထပ်ပြီးကြိုးစားချိန်မှာ အိမ်တံခါးခေါက်သံကြားရတာကြောင့် သွားကြည့်လိုက်တဲ့အချိန်မှာ အာရီယာဆိုတဲ့ မိန်းကလေး ဖြစ်နေခဲ့ပါတယ် အာရီယာဟာ စိတ်ကျန်းမာရေးဆေးရုံကနေ ထွက်ပြေးလာခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ် သူဘာကြောင့် စိတ်ကျန်းမာရေးဆေးရုံကနေ ထွက်ပြေးလာခဲ့ရတာလဲ ရာဗီကိုရော အာရီယာတစ်ယောက်ဘယ်လိုမျိုးသိသွားခဲ့တာလဲ နောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေရှိနေလဲဆိုတာစိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shwe Yee ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Sadak 2
2020
ဒီတစ်ခါမိတ်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ လူ့အဖွဲ့အစည်းထဲက လူတွေသိပ်မသိသေးတဲ့ အမှောင်ဘက်ခြမ်းကို မီးမောင်းထိုးပြမယ့် ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်ကားနာမည်က Doi Boy Club တဲ့။ Doi Boy ဆိုတာ ယောကျာ်းပြည့်တန်ဆာ လို့ဆိုလိုတာပဲဖြစ်ပါတယ်။ လောကကြီးထဲမှာ ရှင်သန်ဖို့ခက်ခဲလာတဲ့အခါ၊ ပိုကောင်းတဲ့ဘဝကို လိုချင်ကြတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဟိုးအောက်ဆုံးထိရောက်အောင် အနစ်နာခံလေ့ရှိပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ စော်န်ဆိုတဲ့ ရှမ်းစစ်သားတစ်ယောက်ရဲ့ အကြောင်းကို ရိုက်ကူးထားပါတယ်။ ရှမ်း-ဗမာ တိုက်ပွဲတွေကြောင့် ပိုကောင်းမွန်တဲ့ဘဝကို ရချင်လို့ ထိုင်းနိုင်ငံချင်းမိုင်ဘက်ကို ခက်ခက်ခဲခဲထွက်ပြေးလာသူတစ်ယောက်ပါ။ မှတ်ပုံတင်မရှိ၊ပတ်စ်ပို့မရှိတာကြောင့် ကြုံရာအလုပ်ကိုလုပ်ရင်း နောက်ဆုံးမှာ ယောကျာ်းပြည့်တန်ဆာဖြစ်လာခဲ့ပါတယ်။ စော်န်ရဲ့ဖောက်သည်ကတော့ ချင်းမိုင်မြို့ရဲ့ရဲတစ်ယောက်ဖြစ်တဲ့ ကျီလို့ခေါ်သူပါ။ မိန်းမနဲ့ကလေးရှိပြီး ညဆို စော်န်ဆီမှာလာသာယာတတ်သူလဲဖြစ်ပါသေးတယ်။ နေ့ဘက်မှာ သူဟာ ရဲသားတစ်ယောက်ပေမယ့် ညဘက်မှာတော့ နိုင်ငံရေးလှုပ်ရှားသူတွေကို တိတ်တဆိတ်ရှင်းလင်းတတ်သူလဲဖြစ်ပါတယ်။ ဇာတ်လမ်းက အေးတယ်၊ငြိမ်တယ်၊လှုပ်လှုပ်ရှားရှားသိပ်မရှိဘူး၊ ဒါပေမယ့် ကြည့်ကြည့်ပါ။ ထိုင်းနိုင်ငံတွင်းတရားမဝင်ဝင်ရောက်လာသူတွေရဲ့ဘဝ၊ လိင်လုပ်သားတွေရဲ့ဘဝ၊ နိုင်ငံရေးခံယူချက်နဲ့သူ့နောက်ကလူပျောက်ဆုံးမှုတွေ၊ စသဖြင့် အမှောင်လောကဘက်ခြမ်းကို ညိမ့်ညိမ့်ညောညောနဲ့ ရို
ဇာတ်ကားကြည့်ရန်Doi Boy
2023
လက်ဝှေ့ထိုးပွဲတွေကိုနှစ်သက်ကြတဲ့ သူတွေအတွက် လက်ဝှေ့ထိုးဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုမိတ်ဆက်ပေးချင်ပါတယ်၊ ဇာတ်လမ်းနာမည်ကတော့ "Thong Dee Fun Khao" , "The Broken Sword Hero" လို့အမည်ရပါတယ်။ ဒီဇာတ်လမ်းကတော့ ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ထိုင်းနိုင်ငံအယုဒ္ဓခေတ်က ထုန်ဒီဆိုတဲ့ နိုင်ငံတပ်မှူးအကြောင်းပဲဖြစ်ပါတယ်။ ထုန်ဒီဟာ အယုဒ္ဓယမြို့တစ်နေရာက အညတရလေးတစ်ယောက်ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက လက်ဝှေ့ပညာကိုအလွန်ကိုစိတ်ဝင်စားပြီး ကြီးလာတော့လည်း လက်ဝှေ့ပညာကိုအံ့မခန်းထူးချွန်ခဲ့ပါတယ်။ ဒါကိုဘုရင်ခံကသဘောတွေ့ပြီး ထုန်ဒီကိုတပ်မှူးအနေနဲ့ကမ်းလှမ်းခဲ့တာပဲဖြစ်ပါတယ်။ ထုန်ဒီဟာ ရိုးသားတယ်၊ဖြောင့်မတ်တယ်၊ မလိမ်ညာဘူး၊ သတ္တိရောသစ္စာပဲရှိသူဖြစ်တယ်။ ဒါကြောင့်လည်း သူဟာ ပထမမှာ ဘုရင်ခံရဲ့ကမ်းလှမ်းချက်ကိုလက်မခံခဲ့ပါဘူး။ ဒီဇာတ်လမ်းထဲမှာ ထုန်ဒီ ရဲ့ ငယ်ဘဝကနေ တပ်မှူးဖြစ်တဲ့အထိ လက်ဝှေ့ပညာကို သူဘယ်လိုသင်ယူလိုက်စားခဲ့လဲဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်ကိုသွားပြီး နယ်ပယ်မတူတဲ့ ဆရာတွေဆီကနေပါ သင်ယူခဲ့တာဟာ သူများနဲ့မတူတဲ့တိုက်ကွက်များကိုသုံးနိုင်တဲ့ အံ့မခန့်းလက်ဝှေ့ပညာသည်ဖြစ်လာစေပါတယ်။ အဓိကဇာတ်ဆောင်အနေနဲ့ Buakaw Banchamek ကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ဆောင်မင်းသားကတော့ တကယ့်လက်တွေ့မှာလည်း ထိုင်းနိုင်ငံရဲ့ ထိပ်တန်းလက်ဝှေ့သမားတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်ဝှေ့တိုက်ကွက်တွေနဲ့ ဟန်ပန်တွေဟာ လူစားထိုးမလိ
ဇာတ်ကားကြည့်ရန်Legend of the Broken Sword Hero
2017
မိဘနှစ်ပါးက ကွာရှင်းထားတာကြောင့် တစ်နေရာစီနေရတဲ့ သမီးနဲ့ ဖအေကြားက သံယောစဉ်တွေ အထင်အမြင်လွဲမှားမှုလေးတွေကို ပုံဖော်ထားတာပါ။ ဇာတ်ကြောင်းကိုတော့ အဘိုးဖြစ်သူက သူတို့သားအဖရဲ့ အတိတ်အကြောင်း မြေးမလေးကို ပြောပြတဲ့ပုံစံ ဆင်ထားပါတယ်။ D.C ဟာ ဇနီးနဲ့ကွာရှင်းပြီးတော့ မွေးရပ်မြေမှာ အက်ရှင်ပွိုင့်ဆိုတဲ့ ကစားကွင်း တည်ထောင်ပြီး သွားစရာမရှိတဲ့ကလေးတွေကို အလုပ်ပေးထားပါတယ်။ သမီးလေးကတော့ နွေကျောင်းပိတ်ဆို ပြန်လာတတ်ပါတယ်။ အက်ရှင်ပွိုင့်ကစားကွင်းက လာရောက်သူတွေ လွတ်လွတ်လပ်လပ်ပျော်နိုင်ပြီး စည်းမျဉ်းတွေ ဂရုစိုက်စရာတွေ မရှိပါဘူး။ ထိခိုက်မိရင်တောင် ပြသာနာမလုပ်ဘဲ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်ကြပါတယ်။ ဒါမဲ့ D.C ရဲ့ကစားကွင်းက အခြေအနေတော့သိပ်မကောင်းလှပါဘူး။ ပြိုင်ဘက်ကစားကွင်းတွေပေါ်လာပြီး ဘဏ်ချေးငွေတွေလည်း ပြန်ဆပ်ရမှာမို့ အခက်တွေ့နေပါတယ်။ ဒီကြားထဲ ပြိုင်ဘက်ပိုင်ရှင်ကလည်း သူ့ကစားကွင်းကို ဝယ်ချင်နေလို့ နားလာပူနေတဲ့အခါ... ကစားကွင်း နာမည်ကျော်အောင် လူအလာများအောင် မျိုးစုံကြံဆ နည်းလမ်းရှာနေတဲ့ D.C တစ်ယောက် သမီးဖြစ်သူကို အချိန်ကောင်းကောင်း မပေးနိုင်ဘဲ စိတ်ပျက်အောင်လုပ်မိသွားပါတယ်။ ဒီလိုနဲ့ သမီးဖြစ်သူနဲ့ အဆင်ပြေအောင် ဖြေရှင်းရင်း ကစားကွင်းကိုပါ လက်မလွတ်ရအောင် အဖြေရှာတာကို ဆက်လက် အားပေးကြပါဦး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Action Point
2018
ဒီတစ်ခါတော့ သဘာဝလွန်စွမ်းအားတွေနဲ့ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ Action, Crime, Drama အမျိုးအစား ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးဟာ ၂၀၁၉ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Code 8 ရဲ့အဆက်ဖြစ်ပါတယ်။ လင်ကွန်းစီးတီးဟာ စွမ်းအားရှင်တွေနဲ့ လူတွေနဲ့ အတူယှဉ်တွဲကာနေထိုင်ကြတဲ့ မြို့လေးတစ်မြို့ပါ။ စွမ်းအားရှင်တွေကို ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းခွင်မှာ ပိုပြီးအလုပ်တွင်တဲ့အတွက် ငှားရမ်းအသုံးပြုကြပါတယ်။ ဒါပေမဲ့ စက်မှုနည်းပညာတွေ ထွန်းကားလာတဲ့နောက်မှာတော့ စွမ်းအားရှင်တွေရဲ့နေရာမှာ စက်ယန္တရားတွေက နေရာဝင်ယူလာပြီး စွမ်းအားရှင်တွေဟာ တဖြည်းဖြည်းနဲ့ အပယ်ခံဘဝကို ရောက်သွားပါတော့တယ်။ ဆိုးကျိုးအနေနဲ့တော့ ရာဇဝတ်မှုတွေများလာပြီး ဆိုက်ခ်ဆိုတဲ့ မူးယစ်ဆေးတစ်မျိုးပေါ်လာခဲ့ပါတယ်။ ဆိုက်ခ်ဆေးကို စွမ်းအားရှင်တွေရဲ့ ကျောရိုးအရည်နဲ့ ပြုလုပ်တာဖြစ်ပြီး အလုပ်လက်မဲ့စွမ်းအားရှင်တွေဟာ ကျောရိုးအရည်ကို ထုတ်ရောင်းကြသလို တချို့တွေကတော့ ဆိုက်ခ်ဆေးကို ရောင်းဝယ်ဖောက်ကားကြပါတယ်။ လျှပ်စစ်အဆင့်-၅ စွမ်းအားရှင် ကွန်နီဟာ စွမ်းအားရှင်တွေအားလုံးရဲ့ကိုယ်စား ထောင်အကျခံခဲ့ရမှ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ ဂဲရက်က စွမ်းအားရှင်အားလုံးရဲ့ခေါင်းဆောင်ဖြစ်နေပါတယ်။ ဂဲရက်ဟာ ရဲအရာရှိတစ်ယောက်နဲ့ ပူးပေါင်းပြီး ဆိုက်ခ်ကိုရောင်းဝယ်ဖောက်ကားနေတာပါ။ တစ်နေ့မှာတော့ အဲဒီကိစ္စကို အမှတ်မထင်သိရှိသွားတဲ့ စွမ်းအားရှင်
ဇာတ်ကားကြည့်ရန်Code 8: Part II
2024
ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ကားကတော့ အရိုတစ်လိုင်းတွေအတွက်မစိမ်းတဲ့ 2016 ခုနှစ်ကထွက်ရှိခဲ့တဲ့ One Day ဆိုတဲ့ ထိုင်းကားလေးပဲဖြစ်ပါတယ်။ ပရိသတ်ကြီးတို့ ပုံပန်းသွင်ပြင်ထက် စိတ်လှဖို့သာ အဓိကလို့ပြောကြာတာကိုကြားဖူးကြာမှာပေါ့ ။ One Day ထဲမှာလေ ဒန်ချိုင်ဆိုတဲ့ကောင်လေးက သာမာန်ခေတ်အမျိုးသားတွေလိုမဟုတ်ဘဲ ရိုးရိုးအေးအေး မပြင်မဆင်ပဲ ကွန်ပျူတာတစ်လုံးနဲ့သာ အချိန်ကုန်နေတတ်သူဖြစ်ပါတယ်။ အရှိကိုအရှိတိုင်းပြောတတ်တဲ့သူကြောင့် ရုံးကဝန်ထမ်းအချင်းချင်းကပင် သူ့ကိုသိပ်ပြီးအရေးမစိုက်ကြ။ ဒါကြောင့်လည်းသူ့ကိုယ်သူကိုယ်ပျောက်လူသားဆိုပြီးခိုင်းနှိုင်းလေ့ရှိပါတယ်။ ကွန်ပျူတာနဲ့ဘဲအဖော်ဖြစ်ခဲ့တဲ့ သူဟာ တစ်နေ့မှာ နွီးဆိုတဲ့ ဝန်ထမ်းမလေးတစ်ယောက်ကိုချစ်မိသွားပါတော့တယ် ။ နွီးဆိုတာကတော့ ချောပေ့လှပေ့ပေမယ့် ဇနီးရှိပြီးသူဌေးနဲ့ရှုပ်နေခဲ့ပါတယ်။ သူဌေးရဲ့သူ့ဇနီးအပေါ်ကွာရှင်းမည်ဆိုတာကိုယုံကိုးပြီးနွီးလည်းအချစ်နွံထဲနစ် အနစ်နာတွေစွတ်ခံနေတာပေါ့။ မေတ္တာရှင်ကောင်လေးဒန်ကတော့ သူ့ခရက်ရှ်လေးကိုမမုန်းရက်နိုင်ဘဲ အရိပ်တကြည့်ကြည့်စောင့်ကြည့်နေတုန်းပါ။ တစ်နေ့ကုမ္ပဏီခရီးစဉ်အဖြစ်ဂျပန်ကိုအလည်အပတ်သွားခဲ့တဲ့အခါမှာတော့ မတော်တဆမှုတစ်ခုကြောင့် နွီးမှာဆေးရုံတက်ခဲ့ရပါတယ်။ သို့ပေမယ့် ဝန်ထမ်းတွေကတော့ နွီးမတော်တဆဖြစ်ခဲ့တယ်လို့မသိဘဲ ဂျပန်မှာဆက်နေအုံးမယ်ဆိုတဲ့ နွီးစကားကြောင့်ထိုင်းကိုအရင်ပြန်လာခဲံကြပါတယ်။ အဲ့ီဒ့အချိန်မှာမပြန်လာခဲ့တဲ့သူတစ်ယောက်ကတော့ ဒန
ဇာတ်ကားကြည့်ရန်One Day
2016
ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Comedy, Drama, Romance အမျိုးအစားဖြစ်ပြီး ၁၉၉၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Alasdair Gray ရဲ့ဝတ္ထုကို အခြေခံထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ IMDb Rating 8.3 အထိရရှိထားသလို ကောင်းမွန်တဲ့မှတ်ချက်တွေ အများကြီးရရှိထားပြီး အော်စကာဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လန်ဒန်မြို့က ဗစ်တိုးရီးယားဆိုတဲ့ ကိုယ်ဝန်သည် မိန်းကလေးတစ်ယောက်ဟာ တံတားပေါ်ကနေခုန်ချပြီး သတ်သေသွားခဲ့ပါတယ်။ နာမည်ကြီးခွဲစိတ်ဆရာဝန် ဂေါ့ဝင်းဘက်စ်တာက အဲဒီအလောင်းကို သူ့ရဲ့ခွဲစိတ်ခန်းထဲကိုယူဆောင်လာပြီး ကလေးရဲ့ဦးနှောက်ကိုထုတ်ကာ ဗစ်တိုးရီးယားရဲ့ ခေါင်းထဲမှာထည့်ပြီး အသက်ပြန်သွင်းပေးခဲ့ပါတယ်။ ရလဒ်အနေနဲ့တော့ အသက်ပြန်ရှင်လာပေမယ့် အသိစိတ်ကတော့ ကလေးတစ်ယောက်လိုဖြစ်နေခဲ့ပါတယ်။ ဗစ်တိုးရီးယားရဲ့နာမည်အသစ်ကတော့ ဘယ်လာဘက်စ်တာပေါ့။ အဲဒီတော့ ဂေါ့ဒ်ဝင်းဘတ်စတာကို ဘယ်လာရဲ့တစ်နေ့တာလုပ်ဆောင်ချက်တွေကို သူ့တပည့်မက်စ်ကို မှတ်တမ်းတင်ခိုင်းထားပါတယ်။ ဒါပေမဲ့ဘယ်လာဟာ အသိဉာဏ်တွေဖွံ့ဖြိုးလာတာနဲ့အမျှ လောကကြီးကို စူးစမ်းချင်တွေက ပြင်းထန်နေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အခွင့်အရေးသမားဒန်လန်က ပေါ်တူဂီ၊ လစ္စဘွန်းကို သူနဲ့အတူလိုက်ခဲ့ဖို့ ဘယ်လာကို စည်းရုံးခဲ့ပါတယ်။ နောက်ဆုံးတော့ ဘယ်လာဟာ သွားခွင့်မပေးတဲ့ကြားထဲက ဒန်လန်နဲ့အတူ လစ္စဘွန်းကို စွန်းစားခရီးထွက်ခဲ့ပါတော့တယ်။ အဲဒီတော့ အခွင့်အရေးသမားဒန်လန်ကိုယုံစားပ
ဇာတ်ကားကြည့်ရန်Poor Things
2023
ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Comedy, Drama, Romance အမျိုးအစားဖြစ်ပြီး ၁၉၉၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Alasdair Gray ရဲ့ဝတ္ထုကို အခြေခံထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ IMDb Rating 8.3 အထိရရှိထားသလို ကောင်းမွန်တဲ့မှတ်ချက်တွေ အများကြီးရရှိထားပြီး အော်စကာဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လန်ဒန်မြို့က ဗစ်တိုးရီးယားဆိုတဲ့ ကိုယ်ဝန်သည် မိန်းကလေးတစ်ယောက်ဟာ တံတားပေါ်ကနေခုန်ချပြီး သတ်သေသွားခဲ့ပါတယ်။ နာမည်ကြီးခွဲစိတ်ဆရာဝန် ဂေါ့ဝင်းဘက်စ်တာက အဲဒီအလောင်းကို သူ့ရဲ့ခွဲစိတ်ခန်းထဲကိုယူဆောင်လာပြီး ကလေးရဲ့ဦးနှောက်ကိုထုတ်ကာ ဗစ်တိုးရီးယားရဲ့ ခေါင်းထဲမှာထည့်ပြီး အသက်ပြန်သွင်းပေးခဲ့ပါတယ်။ ရလဒ်အနေနဲ့တော့ အသက်ပြန်ရှင်လာပေမယ့် အသိစိတ်ကတော့ ကလေးတစ်ယောက်လိုဖြစ်နေခဲ့ပါတယ်။ ဗစ်တိုးရီးယားရဲ့နာမည်အသစ်ကတော့ ဘယ်လာဘက်စ်တာပေါ့။ အဲဒီတော့ ဂေါ့ဒ်ဝင်းဘတ်စတာကို ဘယ်လာရဲ့တစ်နေ့တာလုပ်ဆောင်ချက်တွေကို သူ့တပည့်မက်စ်ကို မှတ်တမ်းတင်ခိုင်းထားပါတယ်။ ဒါပေမဲ့ဘယ်လာဟာ အသိဉာဏ်တွေဖွံ့ဖြိုးလာတာနဲ့အမျှ လောကကြီးကို စူးစမ်းချင်တွေက ပြင်းထန်နေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အခွင့်အရေးသမားဒန်လန်က ပေါ်တူဂီ၊ လစ္စဘွန်းကို သူနဲ့အတူလိုက်ခဲ့ဖို့ ဘယ်လာကို စည်းရုံးခဲ့ပါတယ်။ နောက်ဆုံးတော့ ဘယ်လာဟာ သွားခွင့်မပေးတဲ့ကြားထဲက ဒန်လန်နဲ့အတူ လစ္စဘွန်းကို စွန်းစားခရီးထွက်ခဲ့ပါတော့တယ်။ အဲဒီတော့ အခွင့်အရေးသမားဒန်လန်ကိုယုံစားပ
ဇာတ်ကားကြည့်ရန်Poor Things
2023
လက်ဝှေ့ကွင်းထဲမှာ ပြိုင်ဘက်ကို တစ်ချက်တည်းနဲ့ အလဲထိုးနိုင်တဲ့နာမည်ကြီးလက်ဝှေ့သမား နန်ဒူ။ ပတ်ဝန်းကျင်နဲ့ မိသားစုအတွင်းက လူတွေက က်ိုယ်ကိုတိုင်် အောင်မြင်ဖို့ မကြိုးစားသလို သူတစ်ပါးအောင်မြင်တာကိုပါ မလိုလားဘဲ ဆွဲချချင်တဲ့ ရပ်ဝန်းကနေ ရုန်းထွက်ဖို့အတွက် ကြိုးစားရင်း ကိုယ်ရူးသွပ်တဲ့ စကိတ်စီးအကကို အသုံးချပြီး "ဒီအကသည်သာ သူ့အတွက် ဒီရပ်ဝန်းကထွက်ပြေးနိုင်မယ့် ပတ်စ်ပို့" လို့ ယုံကြည်ကာ ကြိုးစားနေတဲ့ ပင်ကီဆိုတဲ့ ကောင်မလေး။ တစ်နေ့မှာ တစ်ချက်ထိုးနန်ဒူတစ်ယောက် မကောင်းမှုလုပ်တဲ့ လူကို ကူညီရင်း မိုးရွာထဲမှာ ပင်ကီဆိုတဲ့ကောင်မလေးတစ်ယောက်ကို ကားနဲ့ဝင်တိုက်မိခဲ့ပါတယ်။ ပင်ကီတစ်ယောက် ကားမတော်တဆမှုကတစ်ဆင့် မျက်စိကွယ်ကာ သူ့ရည်မှန်းချက်တွေ ပျောက်ဆုံးခဲ့ပြီး အလုပ်က အထုတ်ခံခဲ့ရတဲ့အခါမှာ နန်ဒူက သူ့အမှားအတွက် ဘယ်လိုမျိုး ပြင်ဆင်ပြီး ပင်ကီကို ဘယ်လိုမျိုး ကူညီလမ်းပြပေးမလဲ ။ အမှောင်ထုထဲ ကျရောက်သွားတဲ့လူတစ်ယောက်အတွက် ဘယ်စကားတွေက ခွန်အားဖြစ်စေမလဲဆိုတာကို ကြည့်ရှူခံစားရမယ့်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Wint Yeeဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန်Lafangey Parindey
2010
အိန္ဒိယနိုင်ငံရဲ့ ပန်ဂျက်မြို့လေးမှာ သူငယ်ချင်းသုံးယောက်က သူတို့ဘဝအခက်အခဲကြောင့် လန်ဒန်ကိုသွားဖို့အတွက်စိတ်အားထက်သန်နေကြပါတယ် ဒါပေမယ့်လည်း သူတို့သုံးယောက်ဟာ ဘွဲ့လည်းမရ, ပိုက်ဆံလည်းမရှိတဲ့အတွက်ကြောင့် ဗီဇာရဖို့အတွက် အခက်အခဲတွေနဲ့ကြုံတွေ့ရပါတော့တယ် တစ်နေ့တော့ ပန်ဂျက်မြို့လေးကို ဟာဒီဆိုတဲ့စစ်သားတစ်ယောက်ရောက်လာပါတော့တယ် သူရောက်လာတဲ့အကြောင်းအရင်းကတော့ သူ့ကိုကယ်တင်ခဲ့တဲ့စစ်သားတစ်ယောက်ဆီ လာလည်တာဖြစ်ပြီး သူပေးခဲ့တဲ့ ကတ်ဆတ်ကိုလာပေးဖို့ပဲဖြစ်ပါတယ် ဒါပေမယ့်မထင်မှတ်ဘဲ မာနူဆိုတဲ့ကောင်မလေးရဲ့ အစ်ကိုဖြစ်နေခဲ့ပါတယ် ဒီလိုနဲ့ အကြောင်းအမျိုးမျိုးကြောင့် မာနူတို့သူငယ်ချင်းသုံးယောက်နဲ့ ဟာဒီတို့တွေ့ဆုံဖို့ အကြောင်းဖန်လာပါတော့တယ် မာနူတို့3ယောက်ဟာ ဗီဇာလုပ်နေရင်းနဲ့ပဲ လူလိမ်သွားခြင်းခံရပါတော့တယ် ဒီအချိန်မှာဟာဒီဟာ သူတို့သုံးယောက်လန်ဒန်ကိုရောက်ဖို့အတွက် အင်္ဂလိပ်စာသင်ခိုင်းပြီး ကျောင်းသားဗီဇာရယူပြီး လန်ဒန်ကိုလွှတ်ဖို့ပဲဖြစ်ပါတယ် အဲ့ဒီအတန်းမှာဆူကီဆိုတဲ့ ကောင်လေးက သူ့ကောင်မလေးက နိုင်ငံခြားသားနဲ့လက်ထပ်ပြီးလိုက်သွားခဲ့ပြီး ဟိုမှာနှိပ်စက်ခံနေရတဲ့အတွက်ကြောင့် သွားပြီးကယ်ဖို့အကြောင်းဖန်လာပါတော့တယ် ဒါပေမယ့် စာမေးပွဲကျခဲ့တာကြောင့် သူ့ကောင်မလေးလည်း သတ်သေခဲ့ပြီး သူလည်းကိုယ်ကိုယ့်ကိုယ်မီးရှို့ပြီး သတ်သေခဲ့ပါတယ် ဒါနဲ့ပဲ မာနူတို့သူငယ်ချင်းတွေနဲ့ ဟာဒီတို့ မှောင်ခိုလမ်းကြောင်းကနေ လန်ဒန်ကို သွားဖို့အကြောင်း
ဇာတ်ကားကြည့်ရန်Dunki
2023
ပရိသတ်ကြီးတို့အတွက် ယခုအခါတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ ဒဏ္ဍာရီလာသူရဲကောင်းကြီးစွင်းဝူခုန်း ပဲဖြစ်ပါတယ်။ ဟွာကော်တောင်သူရဲကောင်းကြီးစွင်းဟာ ရက်စက်ကြမ်းကြုတ်စွာ မိစ္ဆာရှင်းလင်းသုတ်သင်ရေးပြုလုပ်ခဲ့သော ကောင်းကင်ဘုံနန်းတော်အား ငယ်စဉ်မှစ၍ အငြိုးအတေးထားကာ လက်စားချေရန်ဆုံးဖြတ်ခဲ့ပါတယ်။ တစ်ဖက်တွင်လည်း ဘုံလောက(၃)လောကလုံးရဲ့ ကံကြမ္မာကိုချုပ်ကိုင်ထားတဲ့ ကံကြမ္မာနက္ခတ်နန်းတော်ဟာလည်း သူရဲကောင်းစွင်းတွင်ရှိနေသော ကျောက်တုံးနှလုံးသားအားသိမ်းပိုက်နိုင်ရန်ကြံစည်နေခဲ့ပါတယ်။ စွမ်းအားကြီးမိစ္ဆာသူရဲကောင်းစွင်းဝူခုန်းနှင့် ကောင်းကင်ဘုံ ကံကြမ္မာနက္ခတ်နန်းတော်တို့ အားပြိုင်ယှဉ်ပြိုင်မှုကြီးမှာ အနိုင်ရရှိသူကဘယ်သူဖြစ်မလဲဆိုတာကို ပရိသတ်တို့ကကြည့်ရှုရမှာပဲဖြစ်ပါတယ်ရှင်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Noi ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Wu Kong
2017
**ကိုယ့်ရဲ့ ဝါသနာနဲ့ ရည်မှန်းချက်ကို လွယ်လွယ်နဲ့ လက်လွှတ်လိုက်တော့မှာလား?...** အားလုံးကိုယ်စီမှာ ရည်မှန်းချက်တွေရှိကြမှာပါ။ ရည်မှန်းချက်တွေဟာ ဘယ်လောက်ပဲပြတ်သားပါစေ လောကဓံရဲ့ရိုက်ချက်တွေ ကံတရားရဲ့ရက်စက်မှုတွေနဲ့ကြုံရတဲ့အခါ အနည်းနဲ့အများ ယိုင်နဲ့လာတတ်ပါတယ်။ ဒီလို အခြေအနေမျိုးကိုရောက်လာတဲ့အခါ ဘယ်လိုကြံ့ကြံ့ခံပြီး ရင်ဆိုင်ကျော်ဖြတ်ကြမလဲ?... ဒီအတွက်တော့ MMA က နပန်းကစားသမား တာတီရာနာဆွာရက်ဇ်ရဲ့ အကြောင်းကို ရိုက်ကူးထားပြီး Rating (7.6) အထိ ရရှိထားတဲ့ Documentary လေးတစ်ခုကို Moti ယူစရာအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ ငယ်ငယ်ကတည်းက အစ်ကိုဖြစ်သူ နပန်းလေ့ကျင့်တာကိုကြည့်ရင်းနဲ့ နပန်းအားကစားကိုစိတ်ဝင်စားလာပြီး အသက် (၁၂) နှစ်အရွယ်အရောက်မှာ အိုလံပစ်ချန်ပီယံ ဖြစ်လာဖို့ ရည်မှန်းခဲ့တဲ့ တာတီရာနာ... မိန်းကလေးတွေ နပန်းသတ်ပုတ်လို့မရဘူးဆိုတဲ့ ပတ်ဝန်းကျင် အယူအဆတွေကြားမှာ တစ်နေ့မှာတော့ သူဟာ အမေရိကန်အိုလံပစ်အသင်းအတွက် ကိုယ်စားပြုကစားပေးဖို့ ဖြစ်လာပါတော့တယ်။ အဲဒီနောက်မှာတော့ ပြိုင်ပွဲတွေဝင်ပြိုင်ရင်း MMA ပြိုင်ပွဲနဲ့ ရင်းနှီးလာပါတယ်။ **ငါက ဒုတိယ ဒါမှမဟုတ် တတိယနေရာ ရချင်စိတ်နဲ့ ဝင်ပြိုင်တာမဟုတ်ဘူး** **ငါက ချန်ပီယံ ဖြစ်ချင်တာ** ဆိုတဲ့ တာတီရာနာတစ်ယောက် သူ့အိပ်မက်ကို ဆက်လက်အကောင်အထည်ဖော်ရင်း ဘယ်လိုမထင်ထားတာတွေ ကြုံတွေ့ရမလဲ... ငယ်ငယ်က အဖေနဲ့ဝေးခဲ့ပြီး အမေနဲ့သာ ကြီးပြင်းလာရတဲ့အပေါ် ရလာတဲ့စိတ်ဒဏ်ရ
ဇာတ်ကားကြည့်ရန်The Unbreakable Tatiana Suarez
2024
တရုတ်နဲ့ဂျပန်စစ်ပွဲဖြစ်တုန်းက အခြေအနေတွေကို ပုံဖော်ထားတာပါ။ အဓိကကတော့ ချုံချင်းမြို့ကို ဂျပန်လေတပ်တွေ လေကြောင်းအရ စစ်ဆင်ပြီး ဗုံးကြဲတဲ့အချိန်ပေါ့။ တရုတ်လေတပ်နဲ့ဂျပန်လေတပ်က နည်းပညာအရ ကွာဟနေတဲ့အခါ တရုတ်လေတပ်သားတွေအဖို့ အပေါ်တက်တာဟာ သွားသေတာပဲလို့တောင် ပြောရတဲ့ထိ ဂျပန်တွေဆီမှာ ရှုံးပြီး တပ်သားတွေ ကျဆုံးနေကြပါတယ်။ မြို့တော်တွေကလည်း နေ့စဉ် ဗုံးကြဲခံနေရပြီး တရုတ်ပြည်သူတွေဟာ ပြန်လည် ထူထောင်လိုက် မီးငြိမ်းသတ်လိုက် ဗုံးရန်က ရှောင်လိုက်နဲ့ရှိနေရပါတယ်။ တိုင်းပြည်ကိုအစွမ်းကုန် ကာကွယ်ရင်း အသက်ပေးသွားရတဲ့စစ်သားတွေ စစ်ကြောင့် ဆုံးရှုံးသွားတဲ့ မိသားစုဝင်တွေ ကလေးငယ်တွေ နေ့စဉ်နဲ့အမျှတိုးလာနေပေမယ့် တရုတ်ပြည်သူတွေရဲ့ မလျော့သော ဇွဲလုံ့လနဲ့ စိတ်ဓာတ်ခွန်အားတွေကို မြင်တွေ့ရမှာပါ။ တစ်ချိန်က ကြိုက်ခဲ့တဲ့ကိုရီးယားမင်းသားဂျွန်စောလည်း ပါဝင်တာမို့ စစ်ကားကြိုက်သူတွေ အားပေးလို့ရပါပြီ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်Air Strike
2018
အခုတခေါက်တင်ဆက်ပေးမဲ့ကားလေးကတော့... တရုတ်နဲ့ထိုင်း ပေါင်းစပ်ရိုက်ကူးထားတဲ့ အက်ရှင်မှုခင်းဇာတ်ကားလေးပါ... ဇာတ်လမ်းအကျဥ်း... ဟောင်ကောင်မှာ လူတွေတစ်နှစ်ကို၆၀၀ ကျော်လောက်အကြောင်းအရင်းမသိရဘဲပျောက်နေခဲ့တယ်.. ပျောက်ရတဲ့အကြောင်းရင်းကတော့ လူတွေကိုပြန်ပေးဆွဲပြီး ကိုယ်လက်အင်္ဂါတွေကိုထုတ်ရောင်းနေကြလို့ပဲ..... ရောဂါကြောင့်သေခါနီးလူတွေကို ပြန်ပေးဆွဲထားတဲ့သူတွေရဲ့ခန္ဓကိုယ်အစိတ်အပိုင်းတွေသုံးပြီးအသက်ဆက်ရှင်စေတဲ့နည်းလမ်းကြောင့်ပေါ့... အဲဒီကိစ္စကို သူလျှိုတယောက်ထားပြီးစုံစမ်းတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲ.... နေရာတိုင်းမှာ လူကောင်းတွေရှိနိုင်ပါ့မလား.... ဘဝကိုဘယ်လိုမျိုးဆက်လက်ရှင်သန်ဖို့အားထားရမလဲဆိုတာလေးကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Error ဖြစ်ပါတယ်
ဇာတ်ကားကြည့်ရန်