Knock Out (2025) ကြိုးဝိုင်းပေါ်က ချစ်ရသူ (၂၀၂၅) အပိုင်း (၁ မှ ၁၂) စ/ဆုံး ကီးန်ဟာ အလုပ်အင်တာဗျူးတစ်ခု ဖြေနေရင်း ဖခင်ဖြစ်သူ သေဆုံးသွားကြောင်း ရုတ်တရက်သတင်းရခဲ့ပါတယ်။ အဖေ့ရဲ့ ဈာပနာပွဲအတွက် ဘဝမှာ စုထားတဲ့ငွေအားလုံးကို ထုတ်သုံးရုံအပြင် ရွေးချယ်စရာမရှိခဲ့ပါဘူး။ သူ့အဖေ မဆုံးခင်ကလည်း တရားမဝင်ချေးငွေယူထားခဲ့တာကြောင့် အဲဒီအကြွေးတွေဟာ ကီးန်ရဲ့ခေါင်းပေါ်ကျလာပါတော့တယ်။ အကြွေးမဆပ်နိုင်တဲ့ ကီးန်ဟာ မကြာခင်မှာ အကြွေးသမားတွေဆီကနေ အနိုင်ကျင့်ခံခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ မွေထိုင်းလေ့ကျင့်ရေးဂျင်တစ်ခုမှာ သူ မယူခဲ့တဲ့ အကြွေးတွေကို ပြန်ဆပ်ဖို့ စဉ်းစားရင်း ကိုယ်ယောင်ဖျောက် ပုန်းနေခဲ့ရပါတယ်။ အဲဒီမှာ "ကျားတွေကို အောင်နိုင်တဲ့ စစ်သား"လို့ သိကြတဲ့ နာမည်ကြီး လက်ဝှေ့သမား 'သန်း' နဲ့စတင်တွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့ သန်းဟာ ကြိုးဝိုင်းထဲမှာ လက်ဝှေ့ပြန်ထိုးဖို့ လုံးဝငြင်းဆန်ပြီးတော့ သူနဲ့အခြားလူတွေရဲ့ ကြားထဲမှာ အေးစက်စက်နံရံတစ်ခု ခြားထားပါတယ်။ ကီးန်ဟာ အဲဒီနံရံကို ဖြိုချပြီး သန်းရဲ့ ပုံစံအမှန်နဲ့ လက်ဝှေ့ပြန်မထိုးတဲ့ အကြောင်းရင်းကိုသိရဖို့ ကြိုးစားပါတယ်။ ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်ကြားမှာ ပိုနီးစပ်လာပြီး လှပတဲ့ အချစ်ပန်းတစ်ပွင့်နဲ့အတူ ပြင်းပြတဲ့ ဆက်ဆံရေးတစ်ခု ပေါက်ဖွားလာခဲ့ပါတော့တယ်။ အခက်အခဲတွေကို နှစ်ယောက်အတူတူကျော်ဖြတ်ကြရင်း အတိတ်က ကိစ္စတွေကို ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းကြပါတယ်။ ဒါပေမဲ့
ဇာတ်ကားကြည့်ရန်