After School Doctor (2024) စ/ဆုံး ယခုတစ်ခေါက် CM ပရိသတ်များကို တင်ဆက်ပေးမှာကတော့ ဂျပန်ဒရမ်မာဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်... ကလေးအထူးကုဆရာဝန် Shun Makino ဟာ ဂျစ်ကန်ကန်နဲ့ ဟုတ်တိုင်းမှန်ရာကို ဘွင်းဘွင်းဆိုကာ ဆေးကုသပေးတတ်သူတစ်ဦးပါ... ထိုကဲ့သို့ သူတစ်ပါးစိတ်ခံစားချက်ကိုလျစ်လျူရှုကာ အပိုစကားမဆိုဘဲ ရောဂါလက္ခဏာကိုအရင်းအတိုင်း ထုတ်ဖော်ပြောပြတတ်တဲ့ဆရာဝန်တစ်ယောက်ဟာ... အကြောင်းအမျိုးမျိုးကြောင့် ကန်တိုဆေးတက္ကသိုလ်ဆေးရုံကနေ မူလတန်းကျောင်းဆေးပေးခန်းကို တာဝန်ကျချိန်မှာတော့ မတူညီတဲ့ပတ်ဝန်းကျင်နဲ့ မတူညီတဲ့ဆက်ဆံရေးတွေကိုကြုံတွေ့ရပါတော့တယ်... ယခင်က အုပ်ထိန်းသူလူကြီးအများစုနဲ့သာ အဓိကပြောဆိုဆက်ဆံရပြီး သူတစ်ပါးရဲ့စိတ်ခံစားချက်ကို ခေါင်းထဲထည့်ဖို့ စိတ်ကူးမရှိခဲ့တဲ့ ဆရာဝန်တစ်ယောက်က... မူလတန်းကျောင်းသားအများစုနဲ့ ထိတွေ့ဆက်ဆံလာရတဲ့အခါမှာတော့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေရဲ့ နူးညံ့သိမ်မွေ့ကာနက်နဲရှုပ်ထွေးပြီး ဂရုစိုက်ပေးဖို့လိုအပ်ပုံ ကုသပေးဖို့လိုအပ်ပုံကို နားလည်သဘောပေါက်လာခဲ့ပါတယ်... အဲဒီနောက်မှာတော့ ကျောင်းသားများနဲ့ ဆရာ/မများရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပြဿနာတွေကို ကူညီဖြေရှင်းကုသပေးပါတော့တယ်...ထိုသို့ကူညီဖြေရှင်းပေးရင်း တိုးတက်လာတဲ့ ဇာတ်ကောင်စရိုက်ကို ကျန်းမာရေးဗဟုသုတများလွှမ်းခြုံကာ စိတ်ချမ်း
ဇာတ်ကားကြည့်ရန်