Suits (2011-2019) Season 1 to 9 (စ/ဆုံး) IMDb Rating (8.4) / Rotten Tomatoes (91%) ဒီဇာတ်လမ်းတွဲကတော့ အက်မင်အကြိုက်ဆုံးဇာတ်လမ်းတွဲတွေထဲက တစ်ခုပါ။ အင်တာနက်ပေါ်မှာဖြစ်ဖြစ် Chatgpt မှာဖြစ်ဖြစ် အကောင်းဆုံး ဥပဒေဇာတ်လမ်းတွဲလို့ ရိုက်ရှာလိုက်ရင် Suits ပဲ ထိပ်ဆုံးက ပေါ်စမြဲပါပဲ။ အဲဒီလောက်ကောင်းတာ ဘာလို့အခုမှတင်လဲမေးရင် ဘာသာပြန်ရတာများပြီး ခက်တော့ ပျင်းလို့ပါ။ Big Bang Theory ထက်တောင် ဘာသာပြန်ရလက်ဝင်ပါသေးတယ်။ ဒါပေမဲ့ အခုတော့ စပြီးတင်ပေးပါပြီ။ ဆက်တိုက်ကြည့်ရမှာပါ။ အရင်ဆုံး နမူနာတစ်ပိုင်းလောက်ကြည့်ပြီးရင် ကောင်းမကောင်း သိလာမှာပါ။ ၁၃၄ ပိုင်းရှိပါတယ်။အေးဆေးပဲ ကြည့်သွားလို့ရပါတယ်။ ဒီရုပ်ရှင်ရဲ့ ထူးခြားတဲ့အချက်က အဓိကဇာတ်လိုက်ပဲ ကွက်တော်နေတာမဟုတ်ဘဲ၊ အဓိကလူတွေရော အရံတွေရော ဗီလိန်တွေရော ဆရာကြီးတွေချည်းဖြစ်နေတာပါ။ တစ်ခါတလေ တစ်ခန်းပဲ ပါတဲ့ရှေ့နေတွေကအစ ဆရာကြီးတွေ ဖြစ်နေတတ်ပါတယ်။ ဒီတော့ အဓိကကတော့ ဆရာ့ဆရာကြီးတွေ အချင်းချင်း ကလိန်ကျကြတာကို ကြည့်ရမှာပါ။ ဇတ်လမ်းအကျဉ်း အဓိက ဇာတ်လမ်းတည်ထားတဲ့နေရာကတော့ ပီရာဆင်-ဟာ့မန်းဆိုတဲ့ ရှေ့နေကုမ္ပဏီပါ။ ဦးဆောင်နေတဲ့သူ ဂျက်ဆီကာ ပီရာဆင်ဆိုတော့ အမျိုးသမီးက ရှေ့နေလောကရဲ့ ဆရာမကြီးပါပဲ။ သူ့လက်အောက်မှာ လက်ရုံး နှစ်ယောက်ရှိပြီး ဟာဗေဆိုတဲ့ ရှေ့နေက ရှေ့နေလောကမှာ အတော်ဆုံး ပွဲသိမ်းတဲ့သူလို့ ခေါ်ကြပါတယ်။ ဘယ်အမှုလိုက်လိုက် နိုင်နေလို့ပါ။ နောက်တစ်ယောက်ဖြစ်တဲ့ လူးဝစ်လ
ဇာတ်ကားကြည့်ရန်