ဇာတ်ကား / 2026The Ghost Marriageတရုတ် Horror တွေထဲမှာ တစ္ဆေလက်ထပ်ခြင်းဆိုတဲ့ဇာတ်လမ်းပုံပြင်တွေများစွာရှိတဲ့ကြား ခု 2026 မှာ Starrings Shanglin Liu, Ziyin Xu, Zijian Zhang & Siying Zhao တို့
ပါဝင်ပုံဖော်ထားပြီး ထွက်ရှိလာတဲ့ Horror, Mystery ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ လျိုချင်း - ဘယ်နှခါမှ မတွေ့ဖူးတဲ့ မိန်းမတစ်ယောက်နဲ့ အတူ
မြှုပ်နှံခိုင်းတယ်ဆိုတာက အချစ်လို့ခေါ်တာလားချင်ကျန့် - မင်း နားမလည်တာ တစ်ခါတလေကျတော့လည်း မရနိုင်တဲ့အချစ်ဆိုတာမျိုးက ပိုပြီးရင်ထဲစွဲကျန်ရစ်တာမျိုးလေ
ဇာတ်လောကမှာ ထင်မှတ်မထားစွာ အချစ်ခေါင်းတလား ဆိုတဲ့ပြဇာတ်နဲ့အတူ တစ်ဟုန်ထိုးအောင်မြင်မှုတွေရရှိပြီး မြို့ပေါ်မှာထပ်တလဲလဲပွဲတွေပြသနေရတဲ့အပြင်
နယ်လှည့်ဖျော်ဖြေခွင့်ပါ ပရိသတ်တွေဆီက တောင်းဆိုမှုတွေရရှိလာခဲ့တဲ့ သရုပ်ဆောင်မင်းသမီး လျိုချင်းနဲ့ ဒါရိုက်တာချင်တို့ ဇနီးမောင်နှံ ။
တကယ်တော့ ဒီပြဇာတ်ရဲ့ဇာတ်ညွှန်းရှင်ကတော့ သရုပ်ဆောင်မင်းသမီးလျိုချင်းကိုယ်တိုင်ပဲဖြစ်ပြီး သူကိုယ်၌က ဒီဇာတ်ညွှန်းဟာ သူမက်နေကျအိပ်မက်ကနေ
ကျောရိုးယူထားတာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ ပြဇာတ်နာမည်ကြီးလာတာနဲ့အတူ ဖျော်ဖြေရေးဆက်တိုက်လုပ်လာရတာကြောင့် လျိုချင်းတစ်ယောက် ဇာတ်ထဲနစ်မြောသွားသလိုဖြစ်တာ
ခဏခဏဖြစ်လာပြီး သူ့ကိုယ်သူ ပြဇာတ်ထဲက ဇာတ်ကောင် စူးချင်းဆိုပြီး ခံစားရလာတဲ့နောက်မှာတော့ သူ့အတိတ်ကို စတင်စူးစမ်းမှုတွေပြုလုပ်ခဲ့ပါတယ်။
ဇာတ်ထဲနစ်ဝင်တဲ့အချိန်တိုင်း သရဲဝိညာဥ်တစ်ကောင်ဟာ ခဏခဏ သူ့အနားကိုရောက်လာတ
ဇာတ်ကားကြည့်ရန်