The Weight (၂၀၂၆) ရုပ်ရှင်ကားဟာ ၁၉၃၀ ပြည့်လွန်နှစ်တွေက စီးပွားရေးပျက်ကပ် (Great Depression) အချိန်ကာလကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ၁၉၃၃ ခုနှစ် အိုရီဂွန်ပြည်နယ်မှာ အခြေတည်ထားပါတယ်။ ပထမကမ္ဘာစစ် စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်တဲ့ ဆင်မြူရယ် မာဖီ ဟာ ဇနီးသည် ဆုံးပါးသွားပြီးနောက် သမီးငယ်လေး ပန်နီ ကို ပြုစုစောင့်ရှောက်ရင်း ခက်ခက်ခဲခဲ ရုန်းကန်နေရသူပါ။ တစ်နေ့မှာတော့ သူဟာ ရဲတွေနဲ့ မတော်တဆ ပြဿနာတက်ပြီး ထောင်ကျသွားတဲ့အတွက် သမီးလေး ပန်နီ ဟာ မိဘမဲ့ဂေဟာကို ရောက်သွားပါတော့တယ်။ မာဖီ ဟာ အလုပ်ကြမ်းစခန်းတစ်ခုမှာ အကျဉ်းကျခံနေရရင်းနဲ့ စခန်းမှူး ကလန်စီ ရဲ့ ယုံကြည်မှုကို ရလာခဲ့ပါတယ်။ သမီးလေးကို ပြန်ခေါ်နိုင်ဖို့ လွတ်မြောက်ချင်နေတဲ့ မာဖီကို စခန်းမှူး ကလန်စီ က အပေးအယူတစ်ခု လုပ်လာပါတယ်။ အဲဒါကတော့ လျှို့ဝှက်ချက်တစ်ခုအနေနဲ့ တခြား အကျဉ်းသား သုံးယောက်ကို ခေါ်ပြီး တောတောင်တွေထဲ ဖြတ်ကာ ရွှေတုံးတွေကို ၆ ရက်ကြာ သယ်ယူပို့ဆောင်ပေးဖို့ပါ။ အောင်မြင်ရင် လွတ်ငြိမ်းချမ်းသာခွင့် ရမယ်ဆိုတဲ့ ကတိနဲ့ မာဖီတို့ အဖွဲ့ဟာ အစောင့်တွေနဲ့အတူ အန္တရာယ်များတဲ့ တောတောင်ခရီးကြမ်းကြီးကို စတင်ထွက်ခွာလာကြပါတယ်။ လမ်းခရီးမှာ သူတို့အဖွဲ့ဟာ ထွက်ပြေးလာတဲ့ တိုင်းရင်းသူ မိန်းကလေး အန်နာ ကို ကယ်တင်ခဲ့ပြီး အတူခရီးဆက်ခဲ့ပါတယ်။ ဒါပေမဲ့ တကယ့်တကယ်တော့ အစောင့်တွေက ရွှေတွေကို သယ်ခိုင်းပြီးရင်
ဇာတ်ကားကြည့်ရန်