Dinner to Die For (2025) ++++++++++++ ၂၀၂၅ မှာ ထွက်ရှိထားတဲ့ "Dinner to Die For" ဆိုတဲ့ ရုပ်ရှင်ကတော့ သွေးပျက်စရာကောင်းတဲ့ Gastro-horror (အစားအသောက်နဲ့ ထိတ်လန့်ခြောက်ခြားဖွယ်) အမျိုးအစား Thriller ကားသစ်လေးပါ။ True Crime (လူသတ်မှုဖြစ်ရပ်မှန်) တွေအပေါ် အရူးအမူးဖြစ်နေတဲ့ လူငယ်တွေအကြောင်းကို အခြေခံထားတာမို့ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဇာတ်လိုက်မလေး Hannah က အစားအသောက်တွေကို ဓာတ်ပုံရိုက်ပေးရတဲ့ Food Stylist တစ်ယောက်ပါ။ သူက သူ့သူငယ်ချင်း Evan နဲ့အတူ လူသတ်မှုဖြစ်ရပ်မှန်တွေ၊ Mystery တွေကို နားထောင်ရတာ၊ ကြည့်ရတာ အရမ်းဝါသနာပါတဲ့သူတွေပေါ့။ ညတိုင်းလိုလို ဝိုင်လေးသောက်ရင်း လူသတ်မှုအကြောင်းတွေ ပြောကြတာ သူတို့အတွက်တော့ ပျော်စရာတစ်ခုလို ဖြစ်နေတာပါ။ တစ်ရက်မှာတော့ Evan က စိတ်ကူးပေါက်ပြီး ဇာတ်ကောင်စရိုက်အတိုင်း အယောင်ဆောင်ကစားကြည့်ဖို့ Hannah ကို အကြံပေးပါတယ်။ သူတို့နှစ်ယောက်ထဲတင်မဟုတ်ဘဲ အိမ်နီးနားချင်းအသစ်လေး Blaire ကိုပါ ဖိတ်ပြီး "လူသတ်သမားနဲ့ သားကောင်" ပုံစံမျိုး ညစာစားပွဲမှာ သရုပ်ဆောင်ကစားကြတာပါ။ အစပိုင်းမှာတော့ ပျော်စရာကောင်းမလိုလိုနဲ့ နောက်ပိုင်းမှာတော့ တကယ်နဲ့ အတု ခွဲမရတော့ဘဲ အခြေအနေတွေက တဖြည်းဖြည်း ကြောက်စရာကောင်းလာပါတယ်။ အစားအသောက်တွေကို အလှဆင်ပြထားတာတွေက အရမ်းလှသလို၊ အဲ့ဒီအလှတရားထဲမှာပဲ သွေးပျက်စရာကောင်းတဲ့ အလှည့်အပြောင်းတွေ ပါဝင်နေတာပါ။ လူတစ်ယောက်ရဲ
ဇာတ်ကားကြည့်ရန်