The Ugly (2025) IMDb..... 7.1 Train To Busan ရဲ့ ဒါရိုက်တာ Yeon Sang-Ho ကိုယ်တိုင် ဇာတ်ညွှန်းရေးသားရိုက်ကူးထားပြီး Low Budget ရုပ်ရှင်ဖြစ်ပေမဲ့လည်း ကြည့်ရှုသူတစ်သန်းကျော် ရုံဝင်ခဲ့ပြီးတော့ ထုတ်လုပ်ရေးစရိတ်ထက် အဆ 50 ကျော် အမြတ်အစွန်းရရှိခဲ့တဲ့ ရုံတင်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီနော်။ Main Cast များအနေနဲ့ နာမည်ကျော်များဖြစ်ကြတဲ့ Park Jeong-Min, Kwon Hae-Hyo, Shin Hyun-been နဲ့ Han Ji-Hyun တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ - ဇာတ်ညွှန်းအကျဉ်း - အင်ယောင်းဂယူ (Kwon Hae-Hyo) ကတော့ မျက်မမြင်ဖြစ်ပေမဲ့လည်း တံဆိပ်တုံးထုလုပ်တဲ့နေရာမှာ ကျွမ်းကျင်သူတစ်ယောက်ပါ။ သူရဲ့ ကျွမ်းကျင်မှု ပညာသတင်းမွှေးပုံကြောင့်လည်း သူ့ရဲ့ မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးရလောက်တဲ့အထိပါပဲ... အင်ယောင်းဂယူ မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးဖို့အတွက်တော့ ပီဒီ ဂင်ဆူဂျင်း (Han Ji-Hyun) က တာဝန်ယူထားပါတယ်။ တစ်နေ့ မှတ်တမ်းရုပ်ရှင်အတွက် အင်တာဗျူးလုပ်နေရင်း အင်ယောင်းဂယူရဲ့ သားဖြစ်သူ အင်ဒုံဟွမ် (Park Jeong-Min) ဆီကို ရဲစခန်းကနေ ဖုန်းဆက်လာပါတယ်။ အကြောင်းအရင်းကတော့ နှစ် ၄၀ လုံးလုံး ပျောက်ဆုံးနေတဲ့ သူ့ရဲ့အမေ ဂျောင်ယောင်းဟီကို တောင်ပေါ်မှာ အရိုးစုအနေနဲ့ တွေ့ရှိလိုက်ရတဲ့အတွက်ကြောင့်ပါပဲ... အများပြောလို့ ရုပ်ဆိုးတယ်ဆိုတာလောက်ပဲ သိထားပြီး တစ်သက်နဲ့တစ်ကိုယ် မျက်နှာတောင် မမြင်ခဲ့ဖူးတဲ့ အမေဖြစ်သူ သေဆုံး
ဇာတ်ကားကြည့်ရန်