The Secret Woman (2026) Louise Andersen က သင်္ဘောဆိပ်ကမ်းနားမှာ ရှာတွေ့ခဲ့တဲ့ အတိတ်မေ့နေတဲ့ အမျိုးသမီးတစ်ယောက်ဆိုပေမယ့် အခုလက်ရှိတော့ နော်ဝေးကကျွန်းတစ်ကျွန်းမှာ ကော်ဖီဆိုင်လေးဖွင့်ရင်း ဘဝကို အေးအေးချမ်းချမ်းနေထိုင်နေတဲ့ အမျိုးသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ Edmund လို့ခေါ်တဲ့ ဒန်းနစ်အမျိုးသားတစ်ယောက် သူ့ကိုရှာတွေ့သွားတဲ့အချိန်မှာတော့ သူ့ရဲ့ဘဝကြီးက ပြောင်းလဲသွားပါတယ်။ Edmund သက်သေပြခဲ့တဲ့ DNA စစ်ဆေးချက်အရ Louise က တကယ်တော့ နာမည်ကြီးတဲ့ သင်္ဘောကုမ္ပဏီပိုင်ရှင်နဲ့ လက်ထပ်ထားပြီး သားလေးတစ်ယောက်ရှိတဲ့ ချမ်းသာတဲ့အမျိုးသမီး Helene Söderberg ဖြစ်နေပါတယ်တဲ့။ Helene လည်း သူ့ရဲ့ ချမ်းသာတဲ့ စံအိမ်ကြီးဆီပြန်သွားပြီးတော့ သူ့ရဲ့ ခင်ပွန်းဖြစ်သူဆိုသူနဲ့ သူ့သားလေးနဲ့အတူနေပြီး သူ့ရဲ့သရုပ်မှန်ကို လက်ခံနိုင်အောင်ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အတိတ်ကမှတ်ဉာဏ်တွေကို ဖြည်းဖြည်းချင်း ပြန်သတိရလာချိန်မှာတော့ သူတို့ရဲ့ကုမ္ပဏီကြီးက လူကုန်ကူးတဲ့ ရာဇဝတ်မှုတွေ ရှိနေတာကို ရိပ်မိလာရပြီး သူ့ကို ခြယ်လှယ်လှည့်စားနေတဲ့ Edmund ရဲ့ သရုပ်မှန်က ဘာလဲ? Helene ရဲ့ သူမမှတ်မိတော့တဲ့ အတိတ်က အဖြစ်အပျက်တွေကဘာလဲ? ပြီးတော့ Edmund ဆီကနေ သူ လွတ်မြောက်နိုင်ပါ့မလားဆိုတာတွေကို ရင်တထိတ်ထိတ်ကြည့်ရှုရမဲ့ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ psychological thriller ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ File size… (1.6 GB) / (790 MB) Quality…. WEB-DL 1
ဇာတ်ကားကြည့်ရန်