UNABOMBER (2026) ဒီဇာတ်လမ်းဟာ အမေရိကန်သမိုင်းမှာ အချိန်အကြာဆုံးနဲ့ ဖမ်းရအခက်ဆုံး ဖြစ်ခဲ့တဲ့ FBI ရဲ့ ဖြစ်ရပ်မှန် သမိုင်းနောက်ခံကို အသက်သွင်းထားတာပါ။ ဇာတ်လမ်းကတော့ Ted Kaczynski (ခေါ်) Unabomber ဆိုတဲ့ ပါရမီရှင် သင်္ချာပညာရှင် တစ်ယောက်ဆီကနေ စတင်ပါတယ်။ Ted ဟာ ငယ်ငယ်ကတည်းက ဉာဏ်ရည်ထက်မြက်လွန်းလို့ ဟားဗတ် (Harvard) တက္ကသိုလ်ကို အသက် ၁၆ နှစ်မှာတင် တက်ရောက်နိုင်ခဲ့သူပါ။ ဒါပေမဲ့ တက္ကသိုလ်မှာ ရှိနေတုန်း စိတ်ပိုင်းဆိုင်ရာ စမ်းသပ်တာတွေကို အကြိမ်ကြိမ် ခံခဲ့ရတဲ့နောက်မှာတော့ လူ့အဖွဲ့အစည်းရော၊ တိုးတက်လာတဲ့ နည်းပညာတွေကိုရော အရမ်း မုန်းတီးသွားပါတော့တယ်။အဲဒီနောက်မှာတော့ Ted ဟာ မွန်တာနာ (Montana) ပြည်နယ်က တောနက်ထဲမှာ ရေမရှိ မီးမရှိတဲ့ သစ်သားအိမ်လေး တစ်လုံးဆောက်ပြီး တစ်ယောက်တည်း အထီးကျန် သွားရောက် နေထိုင်ပါတော့တယ်။ သူဟာ နည်းပညာ တိုးတက်လာတာတွေက လူသားတွေရဲ့ လွတ်လပ်ခွင့်ကို ဖျက်ဆီးနေတယ်လို့ ယုံကြည်ပြီး ၁၉၇၈ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ တက္ကသိုလ်တွေ၊ လေကြောင်းလိုင်းတွေနဲ့ နည်းပညာ ကုမ္ပဏီတွေဆီကို စာတိုက်ကနေတစ်ဆင့် ဗုံးတွေ ဆက်တိုက် ပို့ပါတော့တယ်။ ဒီလို ပို့တာတွေကြောင့် လူ ၃ ယောက် သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။ FBI က သူ့ကို တက္ကသိုလ်တွေနဲ့ လေကြောင်းလိုင်းတွေကို ဗုံးခွဲသူမို့လို့ "UNABOM (University and Airline Bomber)" ဆိုပြီး နာမည်ပေးကာ အနှစ် ၂၀ နီးပါး လိုက်ရှာခဲ့ပေမဲ့ သဲလွန်စလေး တစ်ခုတောင် မရခဲ့ပါဘ
ဇာတ်ကားကြည့်ရန်