Top Gear
မူးယစ်ရာဇာ စစ်ဒါးသ်ဟာ မွမ်ဘိုင်းကနေ လွတ်ထွက်လာပြီး ဟိုက်ဒရာဘတ်ကတစ်ဆင့် စင်ကာပူကို ထွက်ပြေးဖို့ ကြိုးစားနေပါတယ်။ ဒီအချိန်မှာ အာဂျွန်ကတော့ အိမ်ထောင်ကျခါစ တက္ကစီမောင်းသမားတစ်ယောက်ပါ။ ဘွဲ့ရထားပေမယ့် သူ့မိန်းမကို ကားစီးစေချင်လို့ တက္ကစီမောင်းတာလို့ ပြောတတ်တယ်။ ရထားတဲ့ဘွဲ့နဲ့ အလုပ်ဝင်ရင် ဆိုင်ကယ်ဝယ်ဖို့တောင် မလွယ်ဘူးဆိုတာက သူ့အကြောင်းပြချက်ပါ။ တစ်နေ့ တက္ကစီမောင်းပြီး အိမ်ပြန်လာတဲ့လမ်းမှာ လမ်းကြုံလို့ လူနှစ်ယောက်ကို တင်ခေါ်လာခဲ့တယ်။ အဲဒီနှစ်ယောက်က မူးယစ်ဂိုဏ်းနဲ့ ပတ်သက်နေသူတွေ ဖြစ်နေပါတယ်။ လမ်းမှာ အာဂျွန်ပြောပြခဲ့တာတွေကြောင့် သူ့အကြောင်းကိုလည်း သိထားကြတယ်။ နောက်တော့ သူ့ဇနီးကို ပြန်ပေးဆွဲပြီး အာဂျွန်ကို သူတို့ခိုင်းတဲ့အတိုင်း လုပ်ဖို့ အကျပ်ကိုင်လာကြပါတယ်။
ဇာတ်လမ်းအကြောင်း