ဇာတ်ကားများ ရွေးရန်

Raayan

2024ဇာတ်ကားWeb-dl 1080p

Raayanဇာတ်ကားမှာတော့ ရာလ်ရန်ဟာ ညီငယ်လေးမူလ်သူနဲ့ မာလ်နီကမ်အပါအ၀င် မိသားစုရဲ့အငယ်ဆုံးညီမလေးဒူလ်ဂါကို အရမ်းချစ်တဲ့အကိုတစ်ယောက်ဖြစ်တယ်။တစ်နေ့မှာတော့ ရာလ်ရန်အမေနဲ့အဖေက ပြန်လာမယ်ဆိုပြီး မြို့တက်သွားပေမဲ့ မိဘတွေက ၂ရက်ကြာတာတောင် ပြန်မလာခဲ့ပါဘူး။မိဘ၂ပါးက ဆုံးပါးသွားတာလား သူတို့ကိုစွန့်ပစ်သွားတာလားတောင် သေချာမသိတဲ့အချိန်မှာ ရာလ်ရန်က ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ညီ၂ယောက်လက်ကိုဆွဲ ညီမလေးကိုချီပြီး မြို့ကိုတက်ကာ အလုပ်လုပ်ပြီး မောင်နှမတွေကို စောင့်ရှောက်ခဲ့တယ်။ရာလ်ရန်ရဲ့ ဘ၀ရည်မှန်းချက်က ဒူလ်ဂါကို မိသားစုကောင်းနဲ့အိမ်ထောင်ချပေးပြီးတော့ ညီ၂ယောက်ကို ပညာတတ်ဖြစ်အောင် စာသင်ပေးဖို့ဘဲဖြစ်တယ်။ဒါပေမဲ့အလတ်ညီမူလ်သူက ကျောင်းကထွက်ပြီး ပြသာနာပေါင်းစုံလိုက်ရှာနေတာကြောင့် ရာလ်ရန်က သူမပတ်သတ်ချင်တဲ့လူမိုက်ဂိုဏ်းတွေနဲ့ ပတ်သတ်ခဲ့ရတယ်။မူလ်သူကြောင့် ဒုစရိုက်လူမိုက်ဂိုဏ်းတွေနဲ့ ပတ်သတ်ရပြီးနောက်မှာတော့ ရာလ်ရန်ဟာ ညီ၂ယောက်နဲ့ ရန်သူတွေဖြစ်သွားပြီး လူမိုက်ဂိုဏ်းတွေကလဲ ရာလ်ရန်ညီမလေးဒူလ်ဂါကို ပြန်ပေးဆွဲသွားခဲ့တယ်။ရာလ်ရန်တစ်ယောက် သူချစ်ရတဲ့ညီ၂ယောက်ကိုရော ပြန်တိုက်ခိုက်နိုင်ပါ့မလား။ညီမလေးဒူလ်ဂါကိုရော ပြန်ကယ်တင်နိုင်ပါ့မလားဆိုတာကို ကြည့်ရှူကြပါအုံး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Nora ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း