ဇာတ်ကားများ ရွေးရန်

Desingu Raja 2

2025ဇာတ်ကား

Desingu Raja 2 (2025) ဒီဆင်းဂူရာဂျာ ၂ IMDb 7.6 ဒီဇာတ်လမ်းကတော့ ၂၀၂၃ မှာထွက်ရှိထားတဲ့ Desingu Raja ရဲ့နောက်ဆက်တွဲဇာတ်လမ်းဖြစ်ပေမဲ့ အဆက်မဟုတ်ဘဲ ဇာတ်လမ်းအသစ်တစ်ပုဒ်အဖြစ် ရိုက်ကူးထားတဲ့ တမီးလ်အက်ရှင် ဟာသဇာတ်ကားဖြစ်ပါတယ် ။ စိုက်ပျိုးရေးကောလိပ်မှာ အတူတူတက်ခဲ့ပြီး အမြဲတပူးပူးတွဲတွဲဖြစ်ခဲ့ကြတဲ့ သူငယ်ချင်းသုံးယောက်ဖြစ်တဲ့ ကူလာဆီဂါရာပန်ဒီယန်၊ဆတ်သယာနဲ့ နောက်သူငယ်ချင်းတစ်ယောက်တို့အကြောင်းကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ အရွယ်ရောက်တော့ ဘဝလမ်းကြောင်းကွဲလွဲသွားပြီး နှစ်ဦးက ရဲအရာရှိဖြစ်သွားပြီး ကျန်တစ်ဦးမှာ လူဆိုးဂိုဏ်းခေါင်းဆောင်ဖြစ်သွားပါတယ်။ တာဝန်ကိုယ်ဆီထမ်းဆောင်နေတဲ့အချိန်မှာ လျို့ဝှက်ဆန်းကြယ်အမှုကိစ္စနှစ်ခုဖြစ်လာပြီးတဲ့နောက် သူတို့တွေပြန်လည်ဆုံစည်းဖို့ အကြောင်းဖန်လာပါတော့တယ်။ ရဲအရာရှိနှစ်ဦးကလည်း အမှုကိုတရားသောဘက်မှဖြေရှင်းရန်ကြိုးစားကြပြီး သူတို့ရဲ့ရာထူး၊သစ္စာစောင့်သိမှုနဲ့ အရင်ကခင်မင်ခဲ့တဲ့သူငယ်ချင်းသံယောဇဉ်တွေကို ပဋိပက္ခဖြစ်စေတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့သူငယ်တွေဘယ်လိုဖြေရှင်းကြမလဲ။ သူတို့တွေကိုင်တွယ်ဖြေရှင်းရမဲ့လျို့ဝှက်ဆန်းကြယ်တဲ့အမှုနှစ်ခုက ဘာဖြစ်မလဲဆိုတာ ဒီဇာတ်လမ်းမှာ ကြည့်ရှုခံစားပေးကြပါဦး။ File size… 3 GB / 1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း