ဇာတ်ကားများ ရွေးရန်

Gatta Kusthi

2022ဇာတ်ကားအမှတ် 6.4/10146 မိနစ်

ခီသီက ငယ်ငယ်ကတည်းက နပန်းကို လေ့လာလိုက်စားပြီး နိုင်ပွဲတွေလည်း ရထားတဲ့ မိန်းကလေးပါ။ ဘွဲ့ရပညာတတ်ဖြစ်သလို ဆံပင်တိုတို၊ ကိုယ်လုံးကိုယ်ထည် တောင့်တောင့်နဲ့ အနိုင်ကျင့်သူတွေကိုလည်း ပညာပေးတတ်တယ်။ သူ့ကို အိမ်ထောင်ဘက်အဖြစ် လာကြည့်တဲ့သူတွေကတော့ သူ့လက်နဲ့ ကိုင်ပေါက်ခံရမှာ ကြောက်ပြီး ပြန်ပြေးကြတာချည်းပဲ။ ဗီရာကတော့ သူဌေးရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး လက်ထပ်မယ့် မိန်းကလေးအတွက် ကိုယ်ပိုင်စံနှုန်းတွေ ရှိထားတယ်။ ဆံပင်ရှည်ရမယ်၊ ပညာမတတ်ရဘူး၊ သူပြောသမျှ နားထောင်ပြီး သူထိန်းချုပ်သလို နေမယ့်သူ ဖြစ်ရမယ်ဆိုတာပါ။ ဒီလိုနဲ့ ဗီရာနဲ့ သူလိုချင်တဲ့ပုံစံနဲ့ မတူတဲ့ ခီသီတို့ ဆုံလာပြီး လူကြီးတွေက အိမ်ထောင်ချပေးဖို့ စီစဉ်ကြပါတယ်။ ခီသီက ဘယ်လိုလိမ်လည်ဖုံးကွယ်မှုတွေ လုပ်လာမလဲ၊ ဆံပင်ရှည်တဲ့ မိန်းကလေးကိုမှ လိုချင်တဲ့ ဗီရာနဲ့ ဆံပင်တိုတို ခီသီတို့ကြား ဘယ်လိုအလွဲတွေ ဖြစ်လာမလဲဆိုတာကို ဟာသနဲ့ ဆက်ပြသွားမှာပါ။ ခီသီအဖြစ် Aishwarya Lekshmi နဲ့ ဗီရာအဖြစ် Vishnu တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း