Acharya
နှစ်ပေါင်း ၈၀၀ ဝန်းကျင်ကတည်းက တည်ရှိလာတဲ့ ဓမ္မစသာလီနဲ့ ပမ်မာဂတ်တမ်ဟာ ဂျီဟာဗာရာမြစ်ရဲ့ တစ်ဖက်တစ်ချက်မှာ ရှိပြီး ဆစ်ဟာဗာနမ်တောအုပ်ကြီး ဝန်းရံထားတဲ့ မြို့နှစ်မြို့ပါ။ ဒေသခံတွေဟာ မယ်တော်ဂတ်တာမာကို ယုံကြည်ကိုးကွယ်ပြီး ဓမ္မတရားကို လက်ကိုင်ထားကာ အေးအေးချမ်းချမ်း နေလာခဲ့ကြတယ်။ စီးပွားရေးသမား ဘာဆာဗာ ရောက်လာတဲ့အခါ အခြေအနေတွေ ပြောင်းလဲသွားပါတယ်။ သူက ဒီဒေသတွေမှာ မိုင်းတွင်းတူးချင်နေတဲ့ ရာသော့လက်ထဲကို မြို့နှစ်မြို့အပ်နိုင်ဖို့ ယုတ်မာတဲ့နည်းမျိုးစုံနဲ့ ကြိုးစားလာတယ်။ ဘာဆာဗာက ဓမ္မစသာလီကို အုပ်စိုးပြီးနောက် အရင်ကရှိခဲ့တဲ့ ဂုဏ်ကျက်သရေတွေ ပျောက်ဆုံးလာပြီး မြို့နှစ်မြို့ကြားမှာလည်း ပဋိပက္ခတွေ ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ အာချာရာဆိုတဲ့လူက လက်သမားယောင်ဆောင်ပြီး ဓမ္မစသာလီကို ရောက်လာတယ်။ ဘာဆာဗာက ဒေသခံတွေအပေါ် ကျူးလွန်နေတဲ့ ဒုစရိုက်တွေကို သူက တိတ်တဆိတ် ဝင်တားဆီးနေပါတယ်။ သူနဲ့မသက်ဆိုင်သလို ထင်ရတဲ့ ဒီဒေသခံတွေကို ဘာကြောင့် ကူညီနေသလဲ၊ နောက်ကွယ်မှာ ဘာအကြောင်းရှိသလဲ၊ ဘာဆာဗာရဲ့ အုပ်စိုးမှုကိုရော ရပ်တန့်နိုင်မလားဆိုတဲ့ မေးခွန်းတွေကနေ ဇာတ်လမ်းဆက်သွားပါတယ်။
ဇာတ်လမ်းအကြောင်း